စဉ့်ကူးမြို့နယ်တွင် အောင်မြင်ဖြစ်ထွန်နေသော ပဲကြီးသုတေသနစံပြစိုက်ကွက် တောင်သူကွင်းသရုပ်ပြပွဲ ကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီသီးနှံဌာနခွဲ၊ ခတက်ချဉ်စိုက်ကွင်း၏ ၂၀၁၉-၂၀၂၀ စိုက်ပျိုးရာသီ ပဲကြီးသုတေသနစိုက်ကွက်၊ စံပြစိုက်ကွက်၊ သုတေသနစိုက်ကွက်များ အောင်မြင်ဖြစ်ထွန်းမှု တောင်သူကွင်းသရုပ်ပြပွဲကို ဖေဖော်ဝါရီ ၆ ရက် နံနက် ၁၀ နာရီက ခတက်ချဉ်စိုက်ကွင်း သုတေသနစိုက်ကွက် မယ်ဇလီတန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ  ကိုရီးယားသမ္မတနိုင်ငံမှ ပြန်လည်ရောက်ရှိ
ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့၌ ကျင်းပသည့် ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် လူသား ဖွံဖြိုးတိုးတက်မှု ဆိုင်ရာ ကမ္ဘာ့ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့ ဒေသစံတော်ချိန် နံနက် ၁ နာရီ မိနစ် ၅၀ တွင် မော်တော် ယာဉ်များဖြင့် ခေတ္တတည်းခိုသည့် Lotte Hotel Seoul မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိကြရာ ကိုရီးယား သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်၊ UPF ၏ အာရှပစိဖိတ်ဒေသဆိုင်ရာ ဥက္ကဋ္ဌ Mr. Ek Nath Dhakal ၊ သံရုံးဝန်ထမ်းများနှင့် မိသားစုဝင်များက ပို့ဆောင်နှုတ်ဆက်ကြ
(၇၂) နှစ်မြောက် ချင်းအမျိုးသားနေ့ကို ငဖဲမြို့နယ်၊ လင်းတဲကျေးရွာတွင် ကျင်းပမည်
မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တောင်ပေါ်ဒေသ လင်းတဲကျေးရွာတွင် ၂၀၂၀ ပြည့်နှစ်၊ (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့ကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ (၂၀) ရက်နေ့ထိ (၃)ရက်ကြာ ကျင်းပသွားမည် ဖြစ်
ကွမ်းခြံကုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေး
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ကွမ်းခြံကုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ကမာပါကျေးရွာရှိ UP စက်သုံးဆီ အရောင်းဆိုင်အား ယမန်နေ့မနက်ပိုင်းက သွားရောက်စစ်ဆေး ဆောင်ရွက်ခဲ့သည်။
မိတ္ထီလာ၌  ကျေးရွာသုံးစိုက်ခင်းနှင့် အခြားစိုက်ခင်းများတွင် သစ်ပင် ရှစ်သောင်းကျော်စိုက်ပျိုးသွားမည်
မိတ္ထီလာမြို့နယ်၌ ကျေးလက်နေပြည်သူများ၏ အခြေခံသစ်တောထွက်ပစ္စည်းများ ဖြည့်ဆည်းပေး ရန် ကျေးရွာသုံးစိုက်ခင်း ဧက(၁၀ဝ)နှင့် အခြားစိုက်ခင်း(၂၅)ဧကတို့တွင် သစ်ပင် ရှစ်သောင်းကျော်ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သိရ
လယ်ယာမြေဧက ၁၀ဝ၀ ကျော် အကျိုးပြုနိုင်မည့် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်လျက်ရှိ
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့နယ် ဖွဲသင်းကျေးရွာရှိ ကျေးလက်နေတောင်သူများ၏ လယ်ယာမြေဧက ၁၀ဝ၀ ကျော်မှ  လယ်ယာထွက်ကုန်သီးနှံများ ဈေးကွက်သို့အချိန်မှီတင်ပို့နိုင်စေရန်ရည်ရွယ်၍ ကျေးလက်ကုန်ထုတ်လမ်းကို မြို့နယ်ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနကဖောက်လုပ်ပေးလျက်ရှိကြောင်း သိရသည်။
ကွန်ဟိန်းမြို့၌ (၇၃)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ ၂၀၂၀ ပြည့်နှစ်၊ (၇၃)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားအား ဖေဖော်ဝါရီ ၇ ရက်နေ့၊ နံနက်၈ နာရီအချိန်က အမှတ်(၁)ရပ်ကွက်၊ ရွှေဟင်္သာအေးစေတီဘုရားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။