သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် သတ္တမအကြိမ်မြောက် ထမနဲထိုးပြိုင်ပွဲကျင်းပ

သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်(ရန်ကုန်) ဗုဒ္ဓဘာသာအသင်း မိသားစုမှကြီးမှူး၍ သတ္တမအကြိမ်မြောက် ထမနဲထိုးပြိုင်ပွဲကို ယနေ့ညနေ ၃ နာရီခွဲတွင်
ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံ သံအမတ်ကြီး Mr. Christian LECHERVY နှင့် IDEMIA ကုမ္ပဏီအဖွဲ့အား လက်ခံတွေ့ဆုံ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံသံအမတ်ကြီး Mr. Christian LECHERVY နှင့် IDEMIA ကုမ္ပဏီမှ Vice President of Global Sales, Mrs. Sabine DOMINGET တို့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။    
အနောက်ပိုင်းဒေသများ စိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အမျိုးသားအဆင့် စီမံကိန်းဦးဆောင်ကော်မတီ- NPSC အစည်းအဝေးကျင်းပ 
အပြည်ပြည်ဆိုင်ရာစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုရန်ပုံငွေအဖွဲ့ (International Fund for Agricultural Development-IFAD) ချေးငွေ၊ ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ (၂၀ ဒသမ ၂၅၇)သန်းဖြင့် (၆)နှစ်ကြာ အကောင်အထည်ဖော် ဆောင်ရွက် မည့် အနောက်ပိုင်းဒေသများ စိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအမျိုးသားအဆင့် စီမံကိန်းဦးဆောင်ကော်မတီ-NPSC အစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ်(၁၅) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မြန်မာ့အာမခံလုပ်ငန်းက အိမ်ရာချေးငွေ တစ်ဆင့်အာမခံ အမျိုးအစားသစ် စတင်ရောင်းချခြင်း မိတ်ဆက်အခမ်းအနားကျင်းပ
စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန မြန်မာ့အာမခံလုပ်ငန်းနှင့် Shin Ye Htut Group တို့ ပူးပေါင်းဆောင်ရွက်သည့် အိမ်ရာချေးငွေ တစ်ဆင့်အာမခံ အမျိုးအစားသစ်(Housing Insurance Package-HIP) စတင်ရောင်းချခြင်းမိတ်ဆက် အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက ရန်ကုန်မြို့ရှိ မြန်မာ့အာမခံလုပ်ငန်း(ရုံးချုပ်)၌ ကျင်းပသည်။
ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ အစည်းအဝေးကျင်းပ
ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီသည် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော မြန်မာနိုင်ငံ ဘူမိသိပ္ပံကောင်စီဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် အစည်းအဝေးကို ............
ပွင့်လင်းရာသီကာလ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းစေရန်နှင့် ပြည်သူများ ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေး မြို့ပေါ်ရပ်ကွက်ရှိ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်း
မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကော်ပိုရေးရှင်းရုံး၊ ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ခံ လျှပ်စစ်အင်ဂျင်နီယာ ဦးထန်လျန်းမာန် ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် မြို့နယ်အတွင်း ပွင့်လင်းရာသီကာလ ဓာတ်အားပျောက်ဆုံးမှုလျော့နည်း ကျဆင်းစေရန်နှင့် ပြည်သူများ ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရေးအတွက် ရည်ရွယ်၍ ဖေဖော်ဝါရီ ၆ ရက်၊ ယနေ့ နံနက်ပိုင်းက ငါ့သရောက်မြို့၊ အမှတ်(၄)သိမ်တော်ရပ်ကွက်သို့ သွားရောက်ပြီး ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 
(၁၆) နှစ်အတွင်း CNG သုံး မော်တော်ယာဉ်များမှ လေအိုးပေါက်ကွဲမှုဖြစ်ဉ် သုံးကြိမ်ဖြစ်ပွားခဲ့ပြီး အသက်ဆုံးရှုံးမှုများရှိသည့်အတွက် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်သွားမည်
၁၆ နှစ်အတွင်း CNG သုံး မော်တော်ယာဉ်များမှ လေအိုးပေါက်ကွဲမှုဖြစ်စဉ် သုံးကြိမ်ဖြစ်ပွားခဲ့ပြီး အသက်ဆုံးရှုံးမှုများ ရှိသည့်အတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနမှ အထွေထွေမန်နေဂျာ ဦးလှဝင်းဌေး က ပြောသည်။