စပါးတင်း ၅၀၀ ဆံ့ အခြောက်ခံစက်ရုံ ဖွင့်ပွဲနှင့် သရုပ်ပြမိတ်ဆက်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ တစ်ရက်လျှင်  စပါးတင်း ၅၀၀ ဆံ့ စပါးအခြောက်ခံစက် ဖွင့်ပွဲနှင့် သရုပ်ပြမိတ်ဆက်ပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက အဆိုပါ စက်ရုံး၌ ကျင်းပခဲ့သည်။
ကျောင်းသားကျောင်းသူများ အစားအစာ ဘေးကင်းလုံခြုံစေရန်နှင့် အသိပညာဗဟုသုတတိုးပွားရေး ကွင်းဆင်းပညာပေး
ကျောင်းသားကျောင်းသူများ အစားအသောက်များနှင့် ပတ်သက်ပြီး ဘေးကင်းလုံခြုံစေရန်နှင့် ကျောင်းစာအပြင် ပြင်ပအသိပညာ ဗဟုသုတ တိုးပွားစေရေးအတွက် ကွင်းဆင်းပညာပေးဟောပြောခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့နယ် ရိုးကုန်းကျေးရွာ အ.မ.က ကျောင်းနှင့် ညောင်ကုန်းကျေးရွာ အ.မ.ကကျောင်းများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 
ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းအလုပ်သမား ၇၃ ဦး လွှဲပြောင်းပေးအပ်
ထိုင်းနိုင်ငံတွင် နယ်စပ်ဖြတ်ကျော်ခွင့် သက်တမ်းလွန်ခြင်းနှင့် အထောက်အထားမဲ့ နေထိုင်ခြင်းတို့ကြောင့် ထိုင်းနိုင်ငံ ဥပဒေများအရ အရေးယူခံရပြီး  မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၇၃ ဦးအား ယနေ့ မွန်းလွဲပိုင်းက ကော့သောင်းနယ်စပ်ဂိတ်၌ လွှဲပြောင်းပေးအပ်ခဲ့သည်။
ကန့်ဘလူမြို့နယ်တွင် ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းပြီးစီး
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ ကောက်ကွက် ၁၇ ကွက်တွင် ဇန်နဝါရီ ၂ ရက်မှ စတင်ကွင်းဆင်းကောက်ယူခဲ့ရာ ယခုအခါ ပြီးစီးသွာပြီဖြစ်ကြောင်း မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန ဦးစီးအရာရှိ ဦးမောင်မောင်ကြိုင်ထံမှ သိရသည်။
ပွင့်ဖြူမြို့၌ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေ ရှင်းလင်းဆွေးနွေးပွဲကျင်းပ
ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၃ နာရီက မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။
မြင်းမူမြို့၌ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများကို လူမှုဖူလုံရေးပင်စင် ထောက်ပံ့ငွေများပေးအပ်
အသက်(၈၅)နှင့် (၈၅)နှစ်အထက် အဘိုးအဘွားများအား လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သော လူမှုရေးပင်စင်များ ပေးအပ်ပွဲကို စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေပြည်သစ်ခန်းမတွင် ပြုလုပ်ခဲ့သည်။
သထုံ၌ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်းဖွင့်
ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်းကို ယနေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊ သထုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထူအခြေပြု ဗဟိုဌာနခန်းမတွင် ဖွင့်လှစ်ခဲ့သည်။