ဒုတိယသမ္မတ ဦးမြင့်ဆွေ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ (၁၁)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ (၁၁)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။
တရုတ် - မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်မှု နှစ်(၇၀)ပြည့် အထိမ်းအမှတ် နှစ်နိုင်ငံပညာရှင်များ ဆွေးနွေးပွဲကျင်းပ
တရုတ် - မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်မှု နှစ်(၇၀)ပြည့် အထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံပညာရှင်များ၏ “Think Tank Scholars Summit on Myanmar – China Relations in the New Era” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ရှိ Lotte Hotel ၌ ကျင်းပသည်။
တရုတ်-မြန်မာ ရသများ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး အထိမ်းအမှတ် ဓာတ်ပုံပြပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
တရုတ်-မြန်မာ ရသများ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး အထိမ်းအမှတ် ဓာတ်ပုံပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ ကမ်းနားလမ်းရှိ Strand Hotel ၌ ကျင်းပသည်။
သမဝါယမကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
သမဝါယမကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အာဟာရကဏ္ဍဆိုင်ရာ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အမျိုးသားအဆင့် ဆွေးနွေးပွဲကျင်းပ
အာဟာရကဏ္ဍဆိုင်ရာ ပြုပြင်ပြောင်းလဲရေး သဘောတူစာချုပ် (Nutrition Sector Reform Contract - NSRC) လုပ်ငန်းစဉ်များ၊ ညွှန်ကိန်းများနှင့် လုပ်ငန်းလျာထားသတ်မှတ်ချက်များဆိုင်ရာ အမျိုးသားအဆင့်ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ်နှင့်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Virginia Gamba နှင့်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာနရှိ မေခလာခန်းမ၌ တွေ့ဆုံသည်။
မန္တလေးမြို့တွင် ပန်းချီဆရာ လွင်လွင်ကျော်၏ (၇)ကြိမ်မြောက် တစ်ကိုယ်တော်ပန်းချီပြပွဲ ကျင်းပ
မန္တလေးဒေသခံ ပန်းချီဆရာလွင်လွင်ကျော်၏ (၇)ကြိမ်မြောက် တစ်ကိုယ်တော် ပန်းချီပြပွဲကို ဇန်နဝါရီ ၁၅ ရက် နံနက် ၁၀ နာရီက မန္တလေးမြို့ ၇၈ လမ်းနှင့် ၃၄ လမ်းထောင့် Mandalay Yatanar Mall ရှိ SMART Art Gallery တွင် ကျင်းပလျက်ရှိကြောင်း သိရသည်။