၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက်နေ့တွင် ကျရောက်မည့် (၆၈)နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်း အမှတ်အဖြစ် ကျင်းပပြုလုပ်သည့် ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားအား လွိုင်ကော်မြို့၊ ကန္ဒရဝတီ ဂေါက်ကလပ် ခန်းမဆောင်၌ ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ဒေသကွပ်ကဲရေးမှူး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဂေါက်သီးရိုက် အားကစား ဝါသနာရှင်များ တက်ရောက်ခဲ့ကြ