ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့နံနက်ပိုင်းတွင် ဆေးတက္ကသိုလ် (၂)၊ ရန်ကုန်၌ ကျင်းပသော မြန်မာ-ဩစတြေးလျ ကျန်းမာရေးသုတေသန ပူးပေါင်းဆောင်ရွက်မှုစာတမ်းဖတ်ပွဲ Myanmar-Australia Research Collaboration for Health (MARCH) symposium သို့ တက်ရောက် အမှာစကားပြောကြားသည်။