အုတ်ဖိုမြို့နယ်၌ ( ၇၂ ) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စက်ဘီးစီးပြိုင်ပွဲကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စက်ဘီးစီး ပြိုင်ပွဲကို ယနေ့နံနက်  ၄ နာရီခွဲက ကျင်းပခဲ့သည်။
ဟင်္သာတ၌ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်း အမှတ် နိုင်ငံတော်အလံအလေးပြုပွဲအခမ်းအနားကို ဒီဇင်ဘာ ၄ ရက် နံနက် ၄ နာရီ မိနစ် ၂၀ က လွတ်လပ်ရေး ကျောက်တိုင်၌ ကျင်းပခဲ့ရာ ဂုဏ်ပြုတပ်ဖွဲ့က ဦးဆောင်၍ နိုင်ငံတော်အလံအား လွှင့်တင်ပြီး တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ ဘင်ခရာတပ်ဖွဲ့နှင့် လူမှုရေး အသင်းအဖွဲ့များက နိုင်ငံတော်အလံအား အလေးပြုခဲ့ကြသည်။