မြစ်ကြီးနားခရိုင်အတွင်းရှိ တောင်သူများလက်ဝယ်သို့ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇)များ ပေးအပ်
ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်အတွင်းရှိ တောင်သူများလက်ဝယ်သို့ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇)များ ထုတ်ပေးခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် မြစ်ကြီးနားမြို့နယ် စုပေါင်းရုံး မနောရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်
မော်လမြိုင်ခရိုင်အတွင်းရှိ ကျေးရွာများတွင် အသက်မွေးဝမ်းကျောင်းပညာဖြင့် ကျေးလက်နေ လူငယ်များ အလုပ်အကိုင်ရရှိရေး သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးမည်
ကျေးလက်ဒေသများရှိ လူငယ်များ ကိုယ်ပိုင်အသက်မွေးမှု အတတ်ပညာများဖြင့် မိသားစု ဝင်ငွေရရှိစေမည့် အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန်ရည်ရွယ်၍ ဒေသနှင့်ကိုက်ညီသည့် အသက်မွေးဝမ်းကျောင်းပညာ သင်တန်းများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် (၅၃ ဒသမ ၈)သန်းဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်အတွင်းရှိ ကျေးရွာများသို့ သင်တန်း(၂၄)ကြိမ် ကျေးလက်ဒေသအရောက် အိုးမကွာအိမ်မကွာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မော်လမြိုင်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဉီးအေးနိုင်က ပြောကြာ
ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် ဝန်ထမ်းများ၏ လုပ်ငန်းစွမ်း‌ဆောင်ရည် မြင့်မားစေရေးဆိုင်ရာ သင်တန်းဆင်းပွဲများ တက်ရောက်
စီမံခန့်ခွဲရေးသင်တန်း အမှတ်စဉ်(၇၃)၊ အဆင့်မြင့်စက်ချုပ်နည်းပြသင်တန်း အမှတ်စဉ်(၃၆)၊ စာရေးဝန်ထမ်း သင်တန်းအမှတ်စဉ်(၁၀၆) သင်တန်းများဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) ဗဟိုလေ့ကျင့်ရေးကျောင်း၌ ကျင်းပ