ကလေးဝမြို့ မြို့မဈေးတွင် မီးဘေးကြိုတင် ကာကွယ်ရေး အသိပညာပေး လက်တွေ့သရုပ်ပြ
ပွင့်လင်းရာသီရောက်ရှိလာသည်နှင့်အညီ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းကို မြို့နယ်မီးသတ် ဦးစီးဌာနက ယနေ့နံနက် ၁၀ နာရီခွဲက စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့ မြို့မဈေး၌ ပြုလုပ်ခဲ့သည်။







