တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၁) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား

ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီး ရန်ကုန်တက္ကသိုလ် ရာပြည့်သိပ္ပံပွဲခင်း - ၂၀၁၉ ဖွင့်ပွဲအခမ်းအနား တက်ရောက်

မြန်မာ့ပုလဲ ပြသရောင်းချပွဲ (ဒီဇင်ဘာ ၂၀၁၉) ဒုတိယနေ့တွင် နိုင်ငံပိုင်ပုလဲအတွဲပေါင်း (၁၇၀)ကို ယူရိုငွေ (၁၀၁၁၃၆၉)ဖြင့်လည်းကောင်း၊ ကုမ္ပဏီပိုင်ပုလဲအတွဲပေါင်း (၂၈)တွဲကို ယူရိုငွေ (၂၅၁၃၄၀)ဖြင့်လည်းကောင်း ရောင်းချနိုင်ခဲ့

နေပြည်တော် ၁၂ ဒီဇင်ဘာ 

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ကယားပြည်နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် ယမန်နေ့နံနက်ပိုင်းတွင် ကယားပြည်နယ် ရှားတောမြို့နယ်၌ နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ရှားတော - တင်လွယ် - နားအွမ်မြေလမ်း (၁၈/၆)မိုင်ပေါ်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပြီးစီးခဲ့သည့် ကျောက်လမ်း (၁/၀)မိုင်နှင့် Polymer Chemroad (၂/၀)မိုင် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီး Mr. Chhouk Bunna အား လက်ခံတွေ့ဆုံ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီး Mr. Chhouk Bunna အား ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင် Total E&P MYANMAR အဖွဲ့အား လက်ခံတွေ့ဆုံ    
ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင်သည် Total E&P MYANMAR အဖွဲ့အား ယနေ့ ညနေ ၃ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။