ယုဇနကံ့ကော်လမ်း ကျူးကျော်ဈေးတန်းများ ဈေးသစ်ကြီးအတွင်း နေရာချထားပေးရန် မဲနှိုက်

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အမှတ်(၉၄) ရပ်ကွက်(ယုဇနဥယျာဉ်မြို့တော်) ကံ့ကော်လမ်းမကြီးလမ်းဘေး ဝဲယာတွင်ရောင်းချနေသည့် ကျူးကျော်ဈေးဆိုင်တန်းများအား ယုဇနဈေးသစ်ကြီးတွင် နေရာချထားပေးရန် သက်ဆိုင်ရာ တာဝန်ရှိသူများက စာရင်းကောက်ယူပြီးသော ဈေးသည်များအား မဲနှိုက်နေရာချထားပေးခြင်းကို ယနေ့ နံနက် ၁၁ နာရီခန့်က ယုဇနဈေးသစ်ကြီးအတွင်း ကျင်းပပြုလုပ်သည်။
ချောင်းဦးမြို့နယ်တွင် ကျေးလက်ရေပေးဝေရေးဆိုင်ရာ အချက်အလက်စစ်တမ်းများကောက်ယူ
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်အတွင်း ကျေးလက်ဒေသနေပြည်သူများအတွက် သောက်သုံးရေ ပေးဝေရေးဆိုင်ရာ အချက်အလက်စစ်တမ်းများကို နိုဝင်ဘာလတတိယပတ်အတွင်းက ကွင်းဆင်းကောက်ယူခဲ့ကြောင်း ချောင်းဦးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိုးဝင်း၏ ပြောကြားချက်အရ သိရသည်။
ရာသီဥတုနှင့် လိုက်လျောညီထွေသည့် စပါးအစွမ်းဖွင့်စိုက်ပျိုးရေး (SIR) စနစ်နှင့် ရေရှည်တည်တံ့သော စိုက်နည်း စနစ်များဆိုင်ရာ ဟောပြောပွဲကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေမည့် စပါးအစွမ်းဖွင့်စိုက်ပျိုးရေး(SIR)စနစ်နှင့်ရေရှည်တည်တံ့သော စိုက်နည်းစနစ်များဆိုင်ရာ ဟောပြောပွဲကို နိုဝင်ဘာလ(၂၅)ရက်နေ့ နံနက်(၉)နာရီက စတင်ကျင်းပခဲ့ကြောင်း သိရသည်။
ပြည်ကြီးတံခွန်မြို့နယ်တွင် နှစ်(၃၀)မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ
ပြည်ကြီးတံခွန်မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ မှ ကြီးမှူးကျင်းပသော နှစ်(၃၀) မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်ရှိ အ.ထ.က (၂၇)ကျောင်းခန်းမ တွင် နိုဝင်ဘာ ၂၅ ရက် နံနက် ၉ နာရီ ခွဲ က ကျင်းပ ပြုလုပ်
အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဘောလုံးအုပ်စုပွဲစဉ် မြန်မာနှင့် မလေးရှား ယှဉ်ပြိုင်မှု တိုက်ရိုက်ထုတ်လွှင့်မည်
ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမည့် အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဘောလုံး ပွဲစဉ်များတွင် မြန်မာအသင်း အနေဖြင့် အုပ်စုပွဲစဉ်အဖြစ် မလေးရှားအသင်းနှင့် ယှဉ်ပြိုင်မှုပွဲစဉ်ကို ယနေ့ မွန်းလွဲ ၂ နာရီမှ စတင်၍ မြန်မာ့ရုပ်မြင်သံကြား (MRTV)၊ MRTV Sports Channel နှင့် မြန်မာ့အသံ ရေဒီယို အစီအစဉ်တို့မှ တိုက်ရိုက်ထုတ်လွှင့်သွားမည် ဖြစ်
မင်းတုန်းမြို့၌ လမ်းအဆင့်မြှင့်တင်ခြင်းနှင့် ရေပေးဝေးရေးလုပ်ငန်းများ တိုးချဲ့လုပ်ဆောင်မည်
မင်းတုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်း ရန်ပုံငွေများ အသုံးပြု၍ မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ခြင်းနှင့် ရေပေးဝေရေးလုပ်ငန်းများ တိုးချဲ့ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မြို့နယ် စည်ပင်အမှုဆောင်အရာရှိထံမှ သိရ
ထန်းတပင်မြို့နယ်၌ အသက်(၉)လပြည့်မှ (၅)နှစ်ခွဲအောက်ကလေးငယ် (၁၁၃၂၅)ဦးတို့အား စုရပ်(၁၅၁) နေရာ တို့တွင် ဝက်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေးကို ထိုးနှံပေးသွားမည်
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ရပ်ကွက်(၅)ခုနှင့် ကျေးရွာအုပ်စု(၅၄) အုပ်စုတို့၌ ဝက်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းကို နိုဝင်ဘာလ(၂၆)ရက် နေ့မှ(၂၈)ရက် အထိ (၃)ရက်ကြာ အသက်(၉)လပြည့်မှ (၅)နှစ်ခွဲအောက်ကလေးငယ် (၁၁၃၂၅) ဦးတို့အား စုရပ်(၁၅၁) နေရာတို့တွင် အဖွဲ့(၄၉)ဖွဲ့တို့မှ ကာကွယ်ဆေးကို ထိုးနှံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရ