သရက်ခရိုင်အတွင်းမှ ကျောက်စရစ်ခိုးထုတ်သူ ၆ ဦး နှင့် ရေယာဉ်(၁၄) စီးအား အရေးယူထား
တရားဝင်လိုင်စင်များ ခွင့်ပြုပေးနေသော်လည်း လိုင်စင်သက်တမ်းမတိုးဘဲ ကျောက်စရစ်ခိုးထုတ်ခြင်း၊ တရားမဝင် နယ်ကျော်တင်ပို့ရောင်းချခြင်းများ ရှိနေပြီး သရက်ခရိုင်အတွင်းမှ ကျောက်စရစ်ခိုးထုတ်သူ ၆ ဦးနှင့် ရေယာဉ်(၁၄)စီးအား လတ်တလော အရေးယူထားရကြောင်း မကွေးတိုင်း ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။





