နမ့်စန်တွင် အစားထိုးသီးနှံအတွက် မျိုးစေ့၊ ပျိုးပင်နှင့် ဓာတ်မြေသြဇာများ ပေးအပ်၍ တောင်သူပညာပေးသင်တန်းဖွင့်လှစ်
ရှမ်းပြည်နယ် တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် တောင်သူများ အစားထိုးသီးနှံ စိုက်ပျိုးရေး အတွက် အစားထိုးသီးနှံ မျိုးစေ့၊ ပျိုးပင်နှင့် ဓာတ်မြေသြဇာများ ပေးအပ်ပွဲကို ဇွန် ၁၉ ရက် မွန်းလွဲ ၁ နာရီ က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမတွင် ကျင်းပခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းအောင်နှင့် နမ့်စန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်စု (၇)ခု မှ အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ခဲ့ကြသည်။