ဘုရင့်နောင်အမှတ်(၁)တံတားကြီး နိုဝင်ဘာလကုန်တွင် ဖွင့်လှစ်မည်
ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့၏ လမ်းပန်းဆက်သွယ်ရေးတွင် အဓိကတံတားကြီးဖြစ်သော ဘုရင့်နောင်အမှတ်(၁)တံတားကြီးအား အောက်တိုဘာ ၅ ရက်နေ့မှစ၍ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိရာ နိုဝင်ဘာ ၃၀ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း တည်ဆောင်ရေးအဖွဲ့(၃)၊ တံတားအထူးအဖွဲ့(၁၀)မှသိရသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် အမျိုးသားစာပေဆုများနှင့် စာပေဗိမာန်စာမူဆုများ၊ ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပနိုင်ရန်အတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ရန်ကုန်  ၁၈   နိုဝင်ဘာ 

မန္တလေးမြို့တွင် ကျင်းပမည့် ခရီးသွားလုပ်ငန်းဆိုင်ရာပြပွဲတွင် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဓလေ့ ပြခန်းများ ပါဝင်ပြသမည်
မန္တလေးမြို့ရှိ မန္တလာသီရိအားကစားကွင်းတွင် လာမည့်ဒီဇင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ကျင်းပမည့် ခရီးသွားလုပ်ငန်းဆိုင်ရာပြပွဲ Mandalay Travel Fair 2019 တွင် မြန်မာပြည်ဖွားတိုင်းရင်းသားတို့၏ ရိုးရာအက၊ အစားအသောက်နှင့်လူနေထိုင်မှုဓလေ့ပြခန်းများကို ပါဝင်ပြသမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံ့ဝန်ထမ်းများအား လုပ်ငန်းခွင်တွင် စိတ်အားထက်သန်တက်ကြွမှုရှိစေရေး လှုံ့ဆော်မြှင့်တင်ခြင်း ဆိုင်ရာဖိုရမ် ဖွင့်ပွဲအခမ်းအနားကျင်းပ
အာဆီယံအသိုက်အဝန်းမဏ္ဍိုင် မျှော်မှန်းချက် ၂၀၂၅ နှင့် စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်တို့ကို နားလည်သဘောပေါက်နိုင်စွမ်းမြှင့်တင်ရန် အတွက် နိုင်ငံ့ဝန်ထမ်းများအား လုပ်ငန်းခွင်တွင် စိတ်အားထက်သန်တက်ကြွမှုရှိစေရေး လှုံ့ဆော်မြှင့်တင်ခြင်း ဆိုင်ရာဖိုရမ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပသည်။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင် ကျိုက်လတ် ကလေးစာပေပွဲတော် တက်ရောက်ဖွင့်လှစ်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပ သော ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ကလေးစာပေပွဲတော်၊ စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေး ရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီက အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက် လတ်) ကျောင်း မုခ်ဦးရှေ့၌ ကျင်းပသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အဖွဲ့ Marsun Public Company Ltd. နှင့် I Group Ltd. များသို့ သွားရောက်လေ့လာကြည့်ရှု
ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် အာဆီယံနိုင်ငံများ၏ ကာကွယ်ရေးနှင့်လုံခြုံရေး ဆိုင်ရာပြပွဲ (Defense & Security 2019) သို့ တက်ရောက်ရန် ............