ရခိုင်ပြည်နယ်အတွင်း သောက်သုံးရေရှားပါးမှုကို ဖြေရှင်းဆောင်ရွက်နိုင်ရန် ရခိုင်ပြည်နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း မြို့နယ် ၈ ခုတွင် လျှိုပိတ်ဆည် ၁၁ ခုကို အကောင်အထည်ဖော် တည်ဆောက်ပေးခဲ့ကြောင်း ပြည်နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ သိရသည်။