နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်/မန္တလေး) တို့မှ ၁၃၇၈-၇၉ ခု၊ ပညာသင်နှစ်တွင် သာသနတက္ကသီလဓမ္မပါရဂူ(Ph.D)ဘွဲ့ ၁-ပါး၊ သာသန တက္ကသီလမဟာ ဓမ္မာစရိယ (M.A)ဘွဲ့ ၁၆-ပါးနှင့် သာသနတက္ကသီလဓမ္မာစရိယ(B.A)ဘွဲ့ ၁၀၂-ပါး၊ စုစုပေါင်း သံဃာတော် အရှင်သူမြတ် ၁၁၉-ပါးတို့အား ဘွဲ့ဆက်ကပ်မည့် (၂၅) ကြိမ်မြောက် သာသန တက္ကသီလမဟာဘွဲ့နှင်းသဘင် အခမ်းအနားကို ၁၃၈၁-ခုနှစ်၊ နတ်တော်လပြည့်နေ့၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့၊ မွန်းလွဲ ၁-နာရီ အချိန်တွင် ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) မဟာဘွဲ့နှင်းသိမ် ဓမ္မာရုံခန်းမကြီး၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရ