မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာ တိုက်ခန်းလျှောက်လွှာများ စတင်ရောင်းချ
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်တွင် အကောင်အထည်ဖော် တည်ဆောက်ပြီးစီးသည့် မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာ တိုက်ခန်းများအား မန္တလေးခရိုင် ခြောက်မြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေကြသော အရပ်ဖက် နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအား နေရာချထားပေးနိုင်ရန် လျှောက်လွှာများကို ဇွန် ၁၇ ရက်မှ စတင်ရောင်းချပေးနေကြောင်း သိရသည်။