လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် တောင်ပေါ်ဒေသရှိ တိုင်းရင်းသားများအား ကျန်းမာရေး စောင့်ရှောက်မှုပေး
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်အတွင်းရှိ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ပန်လီ (အာခါ) ကျေးရွာရှိ တောင်ပေါ်တိုင်းရင်းသားများအား ဒုတိယဗိုလ်မှူးကြီး နေလင်းသောင်း ဦးစီးသော တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့က ယမန်နေ့က အဆိုပါကျေးရွာရှိ ဘုရားကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။