ချောက်မြို့နယ်အတွင်းကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ကို ကျေးရွာ ၁၆ ရွာ၌ ဆောင်ရွက်ပေးမည် 

မကွေးတိုင်ဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ဖြင့် ချောက်မြို့နယ် အတွင်းရှိကျေးရွာ(၁၆)ရွာ တွင် အကောင် အထည်ဖော်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ချောက်မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ရွှေပြည်ဆိပ်ဦး ဗုဒ္ဓပူဇနိယပွဲတော်တွင် ပျော်ပွဲရွှင်ပွဲအဖြစ် ဘော်လီဘော၊ ပိုက်ကျော်ခြင်းပြိုင်ပွဲများ ထည်သွင်းကျင်းပမည်

မိုးညှင်းတွင်  LED ကမ္ဘာမီးအလှပြပွဲ ပထမဆုံးအကြိမ် ကျင်းပ
ကချင်ပြည်နယ်၊မိုးညှင်းခရိုင်၊မိုးညှင်းမြို့နယ် အရှေ့စုရပ်ကွက်ရှိ ရွှေသာလျောင်းဇာတ်ရုံကြီးတွင် L .J ကုမ္ပဏီမှကြီးမှူးကျင်းပသည့် LED ကမ္ဘာမီးအလှပြပွဲကို ယမန်နေ့ ညနေ  ၆ နာရီတွင် ဖွင့်ပွဲကျင်းပရာပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေးနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
ပြင်ဦးလွင်တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကာလအတွင်း ကျန်းမာရေးပညာပေးပြခန်း ဖွင့်လှစ်လျက်ရှိ
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကာလအတွင်း ကျန်းမာရေးပညာပေး ပြခန်းဖွင့်ပွဲကို  နိုဝင်ဘာလ  ၈   ရက် ၊ ညနေ   ၄  နာရီက မီးပုံးပျံကွင်းအတွင်း၌ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် တာဝန်ဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ကျန်းမာရေးပညာပေးပြခန်း  ပြသမှုအား  လိုက်လံကြည့်ရှုခဲ့ကြသည်။
(၁၅) ကြိမ်မြောက် ပြင်ဦးလွင်တန်ဆောင်တိုင်မီးပုံပျံ ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ကျင်းပပြုလုပ်မည့် (၁၅) ကြိမ်မြောက်  ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲ မီးပုံးပျံပွဲတော်  နိုဝင်ဘာလ ၈ ရက်နေ့ ညနေ ၄ နာရီအချိန်က စတင်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း ပွဲကျင်းပရေးကော်မတီအဖွဲ့ထံက သိရသည်။
တန်ဆောင်တိုင်မီးပုံးပျံပွဲတော် စည်ကားစွာ ကျင်းပ
တောင်ကြီးမြို့၊စူဠာမုနိ ဘုရားပွဲ မဟာဘုံကထိန်နှင့် တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲ ကျင်းပရေး ကော်မတီမှကြီးမှူးကျင်းပသော တောင်ကြီးမြို့၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာ  ၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ အချိန်မှစတင်၍ အဝေရာကုန်းသာ မီးပုံးပျံကွင်း၌ ကျင်းပခဲ့သည်။
မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်တားဆီးရေး မြေပြင်ကွင်းဆင်းစစ်ဆေး
မောင်တောမြို့နယ်၌ ရပ်ကွက်/ကျေးရွာများအတွင်းရှိ မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်တားဆီးရေး မြေပြင် ကွင်းဆင်း စစ်ဆေးခြင်းကို  နိုဝင်ဘာ ၇ ရက် နံနက်ပိုင်း က  မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။