သိမ်းဆည်းခံလယ်ယာမြေများအား ကျန်ရှိသည့်လျော်ကြေးငွေပေးအပ်ရေး စိစစ်ဆောင်ရွက်
လှိုင်သာယာမြို့နယ်တွင် သိမ်းဆည်းခံလယ်ယာမြေများအား လျော်ကြေးငွေများပေးအပ်လျက်ရှိရာ ကျန်ရှိသည့် မြေယာများ ပိုင်ရှင်အမှန် စိစစ်ခြင်းကို မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ၊ လယ်သမားများ ပူးပေါင်းကာ နိုဝင်ဘာ ၈ ရက်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဉီးစီးဌာနရုံးတွင် ဆောင်ရွက်ခဲ့ကြသည်။








