ချမ်းအေးသာစံမြို့နယ် ပြည်ကြီးမျက်ရှင်ရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့သို့ မီးသတ်မော်တော်ယာဉ် လွှဲပြောင်းပေးအပ်
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ပြည်ကြီးမျက်ရှင်ရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့သို့ (CAE) ကိုယ်ပိုင် အထက်တန်းကျောင်းမှ မီးသတ်မော်တော်ယာဉ် ပေးအပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါ ကိုယ်ပိုင်အထက်တန်းကျောင်းဝန်းအတွင်း၌ ကျင်းပသည်။