အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲ နေပြည်တော်တွင် ကျင်းပ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်ကာကွယ်ထားဆီးရေးအဖွဲ့မှ ကျင်းပပြုလုပ်သည့် ၂၀၁၉ ခုနှစ် ဇွန် ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (၂၂) ကြိမ်မြောက် ပန်းချီ၊ ကာတွန်၊ ပိုစတာ၊ ကွန်ပျူတာ ပန်းချီပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့၊ အမှတ်(၂) အခြေခံပညာအထက်ကျောင်းတွင် ကျင်းပသည်။
ဒီးမော့ဆိုမြို့နယ်၌ ခေါင်းဆောင်မှု အခန်းကဏ္ဍတွင် အမျိုးသမီးများ ပါဝင်လာရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကျင်းပ
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Women Club မှ ဦးဆောင်၍ ခေါင်းဆောင်မှု အခန်းကဏ္ဍတွင် အမျိုးသမီးများ ပါဝင်လာရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံး ခန်းမ၌ ကျင်းပသည်။
မြစိမ်းရောင်(အသားကဏ္ဍ) ကျေးရွာတောင်သူများအား နွားများထောက်ပံ့ပေးအပ်

ဒေးဒရဲ ၉ ဇွန် 

ဆွမ်းဦးပုညရှင်စေတီ “မိုးရာသီအလှ” ဖိတ်ခေါ်ဓာတ်ပုံပြိုင်ပွဲ ကျင်းပမည်
စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရှိ ဆွမ်းဦးပုညရှင်စေတီ “မိုးရာသီအလှ” ဖိတ်ခေါ်ဓာတ်ပုံပြိုင်ပွဲ ကျင်းပမည်ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။
ဓနုဖြူတွင် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး သရုပ်ပြ
ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြပွဲကို ဇွန် ၇ ရက်က ဓနုဖြူမြို့နယ်၊ မရမ်းချောင်းကျေးရွာရှိ ဧရာဝတီ-ဟင်္သာတဘက်ကမ်း မရမ်းချောင်းရေကင်းစခန်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စန္ဒကူးနံ့သာ ကျောင်းတော်ရာစေတီတော်အား ပုဂံခေတ်လက်ရာများဖြည့်စွက်၍ ဘက်စုံပြုပြင်မွမ်းမံလျက်ရှိ 
မြန်မာပြည်၏ ဗုဒ္ဓဂါယာဟု အမှတ်သညာပြုကြသည့် ပွင့်ဖြူမြို့နယ် စန္ဒကူးနံ့သာ ကျောင်းတော်ရာစေတီကြီးကို ပုဂံခေတ်လက်ရာများ ဖြည့်စွက်ကာ  ဒေါက်တာခင်ရွှေနှင့် ဇနီး ဒေါ်စန်းစန်းကြွယ် (ဇေကမ္ဘာမိသားစု)မှ ဦးဆောင်ဦးရွက်ပြုပြီး  ကျိုက်ထီးဆောင်း ငါးသုံးလီမိသားစုနှင့် ခုနှစ်ရက်သားသမီးတို့၏ အလှူမှုတို့ဖြင့် ဘက်စုံပြုပြင်မွမ်းမံလျက်ရှိကြောင်း မင်းဘူးခရိုင် အုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။