မြောင်းမြ ပညာရေးကောလိပ် နှစ်(၅၀)ပြည့် ရွှေရတုသဘင် ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ မြောင်းမြပညာရေးကောလိပ် ၏ နှစ်(၅၀)ပြည့် ရွှေရတု ပွဲတော်ဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၁ ရက်နေ့ နံနက် ၈ နာရီက အဆိုပါ ကျောင်းအဝင်မုခ်ဦး၌ ကျင်းပသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် နောင်တရားမြို့၌ အစားထိုးသီးနှံစိုက်တောင်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ဌာနခွဲ၊ တီကျစ်မျိုးသန့်ခြံ၌ တောင်သူများအား မျိုးကောင်းမျိုးသန့် ရရှိရေးအတွက် စိုက်ပျိုးထားသည့် နေကြာမျိုးစေ့ထုတ်စိုက်ခင်းနှင့် ယာစပါးခေါင်နှံစိုက်ခင်းသို့ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသဦးစီးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှုသည်။
ဗမာတိုင်းရင်းသားစာပေနှင့်ရိုးရာယဉ်ကျေးမှုအသင်းရုံး(မြစ်ကြီးနား)ဖွင့်ပွဲနှင့် စာကြည့်တိုက်များ၊ အခြေခံပညာကျောင်းများသို့ ပုံပြပုံပြင်စာအုပ်များ ပေးအပ်လှူဒါန်း
ဗမာတိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှုအသင်းရုံး (မြစ်ကြီးနား) ဖွင့်ပွဲနှင့် အလှူငွေပေး အပ်ပွဲ၊ ကျေးရွာစာကြည့်တိုက်များ၊ အခြေခံပညာကျောင်းများသို့ ပုံပြပုံပြင်စာအုပ်များ ပေးအပ်လှူဒါန်း ပွဲကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ အံတော်ရှင်တောင်တန်းသာသနာပြုကျောင်းတိုက်အတွင်းရှိ အသင်းရုံးဖွင့်လှစ်သည့် နေရာ၌ ကျင်းပပြုလုပ်သည်။
ရွှေစည်းခုံစေတီတော် ၉၆၀ ကြိမ်မြောက် တန်ဆောင်ဗုဒ္ဓပူဇနိယပွဲတော် အောင်မြင်စွာကျင်းပနိုင် ရေး ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ ရွှေစည်းခုံစွယ်တော်မြတ်စေတီတော်ကြီး၏ (၉၆၀)ကြိမ် မြောက် တန်ဆောင်တိုင် ဗုဒ္ဓပူဇနိယပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီက ရွှေစည်းခုံဘုရား၊ ဂေါပကရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ် သည်။
ကလေးစာပေပွဲတော် (တောင်ငူ) အောင်မြင်စွာကျင်းပနိုင်ရေး အစမ်းလေ့ကျင့်မှုများပြုလုပ်
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် တောင်ငူခရိုင်စီမံခန့်ခွဲမှု ကော်မတီတို့ပူးပေါင်းကျင်းပမည့် ကလေးစာပေပွဲတော်(တောင်ငူ)အောင်မြင်စွာကျင်းပနိုင်ရေး အစမ်းလေ့ကျင့်နေမှုများကို နိုဝင်ဘာလ ၁ ရက် နံနက် ၉ နာရီက တောင်ငူမြို့ ခပေါင်းခန်းမ၌ကျင်းပသည်။
ကျေးလက်ရေရရှိရေး အချက်အလက်ကောက်ယူခြင်း ဆင့်ပွားသင်တန်းဖွင့်ပွဲ ကော့ကရိတ်တွင် ကျင်းပ
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာအတွင်းရှိ   ပြည်သူများသန့်ရှင်းသော သောက်သုံးရေ အဆင်ပြေလွယ်ကူစွာရရှိရေးနှင့် ဆောင်ရွက်ပေးနိုင်ရေးအတွက် ကျေးလက်ရေရရှိရေးအချက်အလက်ကောက်ယူခြင်း ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယမန်နေ နံနက် ၉ နာရီချိန်တွင် ကော့ကရိတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနခန်းမ၌ ကျင်းပသည်။
သရက်မြို့၌ ဒေါက်တာ မတင်ဝင်း၏ “အလုပ်ဆိုတာ အင်အားပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ 
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  Women Club, Youth Club, Book Club စာပေချစ်သူများအဖွဲ့တို့ ပူးပေါင်းပြီး ပြည်သူများ စာပေ ဖတ်ရှုတတ်သည့်အလေ့ကျင့်ကောင်းများ၊ အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ စာဖတ်ရှိန် မြှင့်တင်ရေး စာချစ်သူများ စာဖတ်ဝိုင်းကျင်းပခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ခန်းမတွင် ကျင်းပခဲ့သည်။