အာဆီယံ အရေးပေါ် အရန်ဆန်ရိက္ခာအစီအစဉ်(၃)အရ ကိုရီးယားသမ္မတနိုင်ငံမှ ဆန်တန်ချိန်(၂၂၉ ဒသမ ၅၂)တန်  အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လာရောက်လှူဒါန်း

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သဘာဝဘေးဒဏ်ခံစားနေရသည့် ပြည်သူများအတွက် အာဆီယံ+၃  အရေးပေါ် အရန်ဆန်ရိက္ခာ အစီအစဉ်(၃)အရ ကိုရီးယားသမ္မတနိုင်ငံမှ ဆန်တန်ချိန်(၂၂၉.၅၂)တန် လာရောက် လှူဒါန်းခြင်း အခမ်းအနားကို အောက်တိုဘာလ (၂၉)ရက်နေ့၊ မွန်းလွဲ(၁)နာရီက ပဲခူးတိုင်း ဒေသကြီး အစိုးရအဖွဲ့၊ တော်ဝင် ဟံသာ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့
ပုဇွန်တောင်မြို့နယ် ကျန်းမာရေးဦးစီးဌာနတွင် သွေးတိုး၊ဆီးချို ရောဂါနှင့် နောက်ဆက်တွဲ ရောဂါ ပြသနာများအား အခမဲ့စစ်ဆေးကုသပေး
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် ပုဇွန်တောင်မြို့နယ် ကျန်းမာရေးဦးစီးဌာနတွင် ယနေ့ နံနက် ပိုင်းက သွေးတိုး၊ဆီးချိုရောဂါများ ဖြစ်ပွားမှုအခြေအနေ၊ ဖြစ်ပွားစေသော အကြောင်းအရာများနှင့် ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရ
ကော့သောင်းမြို့ မြတ်ဆရာပူဇော်ပွဲ တန်ဆောင်တိုင်ဈေးရောင်းပွဲတော် ဖွင့်လှစ်
(၄)နှစ်လျှင် တစ်ကြိမ် စည်ကားသိုက်မြိုက်စွာ ပြုလုပ်မြဲဖြစ်သည့်  ကော့သောင်းမြို့ ၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ကျောင်းသူ/သားဟောင်းများ၏ မြတ်ဆရာ ပူဇော်ပွဲ တန်ဆောင်တိုင် ဈေးရောင်းပွဲတော်  အခမ်းအနားအား အောက်တိုဘာ ၂၉ ရက် ညနေ ၆ နာရီက ကော့သောင်းမြို့၊ သီရိမြိုင်ရပ်ကွက်၊ ပြည်သူ့ ရင်ပြင်တွင် စတင်ဖွင့်လှစ်ကျင်းပ
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ပြည်သူများထံ တရားဥပဒေစိုးမိုးရေးကိစ္စရပ်များ ရှင်းလင်းဆွေးနွေး
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် ဥပဒေရေးရာ ကော်မတီမှ ပြည်သူများထံသို့ တရားဥပဒေစိုးမိုးရေးကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့က လဟယ်မြို့ မာလာတောင်အားကစားခန်းမ၌ ပြုလုပ်
စလင်းမြို့နယ်တွင် ငလျင်ဘေးအသိပညာပေးဟောပြောပွဲနှင့် မြေပြင်ရှာဖွေကယ်ဆယ်ရေး သဏ္ဍာန်တူ သရုပ်ပြသ
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများကို ကျောင်းသား ကျောင်းသူများသိရှိနာလည်းပြီး ငလျင်ဘေးအန္တရာယ်ကြုံတွေ့လာပါက မှန်ကန်စွာ တုန့်ပြန်ဆောင်ရွက်တတ်စေရန်နှင့် မတော်တဆထိခိုက် ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် မီးသတ်ဉီးစီးဌာနမှ စာသင်ကျောင်းအခြေပြု ငလျင်ဘေးအသိပညာပေးဟောပြောပွဲနှင့် မြေပြင်ရှာဖွေကယ်ဆယ်ရေးသဏ္ဍာန်တူ သရုပ်ပြသခြင်းကို ယမန်နေ့နံနက်ပိုင်းက ကန်ပြားကျေးရွာ အ.ထ.ကကျောင်း၌ ကျင်းပပြုလုပ်ခဲ့
ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာသုံးထင်းစိုက်ခင်းဧက(၁၀ဝ)မှ ထွက်ရှိသော သစ်တောထွက်ပစ္စည်း(ထင်း) ၅ ဒသမ ၂ တန်အား ကျေးရွာနေပြည်သူများ အသုံးပြုနိုင်ရန်  လွှဲပြောင်းပေးအပ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ဝမ်းဘဲချိုင့်ကျေးရွာ၊ လဲကန်ကြိုးဝိုင်း အမှတ်(၂၆)၌ အောက်တိုဘာ ၂၉ရက်၊ မွန်းလွဲ ၂နာရီက (၅)နှစ်သားအထက် ကျေးရွာသုံး ထင်းစိုက်ခင်း(၁၀ဝ) ဧကမှ    ထွက်ရှိသော    သစ်တောထွက်ပစ္စည်း  ( ထင်း )  ၅  ဒသမ ၂  တန်အား    ကျေးရွာနေ  ပြည်သူများ အသုံးပြုနိုင်ရန် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရ
ကျိုင်းတုံမြို့၌ သတင်းအချက်အလက်ဆိုင်ရာ တတ်မြောက်မှုသင်တန်းဖွင့်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် British Council နှင့်အတူ ကမ္ဘောဇလူငယ်စာကြည့်တိုက်မှ ကြီးမှူးဖွင့်လှစ်သည့် သတင်းအချက်အလက်ဆိုင်ရာ တတ်မြောက်မှုသင်တန်းကို ဂရုဏာအသင်း (ကျိုင်းတုံ)၌ အောက်တိုဘာ ၂၈ရက် နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့