ပေါက်ခေါင်းမြို့နယ်သစ်တောဦးစီးဌာနမှမိုးရာသီတွင်စိုက်ပျိုးရန် ပျိုးပင် ၈၂၀ဝ၀ ပျိုးထောင်ထားရှိ

သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် ဒေသခံပြည်သူများ၏ အခြေခံလိုအပ်ချက်များအတွက် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ် သစ်တောဦးစီးဌာနက ၂၀၁၉ ခုနှစ် မိုးရာသီကာလတွင် စိုက်ပျိုးရန် ကျွန်း၊ ယူကလစ်နှင့် အခြားအရိပ်ရပျိုးပင်ပေါင်း (၈၂၀ဝ၀)ကို မြို့နယ်အတွင်း ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မိုးသက်လေပြင်းတိုက်ခတ်၍လူနေအိမ်များပျက်စီးခဲ့သည့် မ်ထောင်စုများထံသို့ ထောက်ပံ့ငွေများပေးအပ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နေပြည်တော်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်း မေလ ၂၄ ရက်နေ့တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များပျက်စီးခဲ့သည့်အိမ်ထောင်စုများထံသို့ မေလ ၂၇ ရက် မွန်းလွဲ ၃ နာရီအချိန်တွင်သွားရောက်၍ ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။  
စီးပွားရေးဆိုင်ရာ အခြေခံအဆောက်အဦများ ပါဝင်သည့် Mixed-Use Development Project စီမံကိန်း ပန္နက်ရိုက်ခြင်း အခမ်းအနား ကျင်းပ
မန္တလေးမြို့၏စီးပွားရေးဆိုင်ရာ အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  စီးပွားရေးအခြေခံ အဆောက်အဦများ ပါဝင်သည့် Mixed-Use Development Project စီမံကိန်း ပန္နက်ရိုက်ခြင်း အခမ်းအနားကို ယနေ့မနက် ၈ နာရီမှာ ကျင်းပပြုလုပ်ခဲ့သည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးချုပ်(နည်းပညာ)အဖွဲ့မှ ပလိုင်းကန်တော်ရိုးကုန်ထုတ်လမ်းအား ကွင်းဆင်းစစ်ဆေး
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ပလိုင်းကန်တော်ရိုးကုန်ထုတ်လမ်းအား ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ရုံးချုပ်(နည်းပညာ)အဖွဲ့မှ မေလ၂၇ရက် မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ပဲခူးမြို့ ပြည်တွင်းစက်မှုဇုံတွင် ဖိနပ်စက်ရုံဖွင့်ပွဲကျင်းပ
MYANMAR NEW MENGSHENG SHOES ဖွင့်ပွဲ အခမ်းအနားကို မေ ၂၇ ရက် နံနက် ၉ နာရီခွဲက  ပဲခူးမြို့ ဥဿာမြို့သစ်(၉)ရပ်ကွက်၊ ခရေလမ်း၊ အကွက်အမှတ်(၂၃) ပြည်တွင်းစက်မှုဇုံနယ်မြေ ညောင်အင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရွှေကူမြို့နယ်တွင် ပုဂ္ဂလိကပိုင် ရေယာဉ်များကြီးကြပ်ရေးကော်မတီရွေးချယ်ပွဲကျင်းပ
ကချင်ပြည်နယ် ရွှေကူမြို့နယ် အမှတ်(၃)ရပ်ကွက်ရှိ ပုဂ္ဂလိကပိုင် ရေယာဉ်များ ကြီးကြပ်ရေး ကော်မတီရုံးတွင် ယနေ့  ပုဂ္ဂလိကပိုင် ရေယာဉ်များ ကြီးကြပ်ရေး ကော်မတီ ရွေးချယ်ပွဲကို ကျင်းပပြုလုပ်ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဦးယု(ခ)ဦးတင်ယုက အဖွင့်အမှာ စကား ပြောကြားခဲ့သည်။
မြန်မာကြယ်လိပ်များ အပူဒဏ်နှင့် အစာပြတ်လပ်မှုကြောင့် သေဆုံးမှု မဖြစ်စေရန် ဆောင်ရွက်နေ
မြန်မာ့ဒေသမျိုးစိတ် ကြယ်လိပ်များမှာ အပူဒဏ်ပြင်းထန်မှုနှင့် အစာရေစာ ပြတ်လပ်မှုကြောင့် မေလအတွင်း အကောင်ရေ ၆၀ ကျော် သေဆုံးမှုများဖြစ်ပေါ်ခဲ့ပြီး --------