ပွင့်ဖြူမြို့နယ်၌ တိရစ္ဆာန်ပြုစုစောင့်ရှောက်ရေး ကာကွယ်ဆေးထိုးသင်တန်းဆင်းပွဲ ကျင်းပ
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် တိရစ္ဆာန်များတွင် ကူးစက်ရောဂါဖြစ်ပွားမှုများ ကင်းဝေးစေပြီး သန့်ရှင်းလတ်ဆတ်သော အသား၊ ငါးနှင့် နို့ထွက်ပစ္စည်းများ ပိုမို ထုတ်လုပ်လာနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် တိရစ္ဆာန်ပြုစုစောင့်ရှောက်ရေး ကာကွယ်ဆေးထိုးသင်တန်းဆင်းပွဲကို မေ ၂၇ ရက် မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး အစည်းအဝးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။