မိုင်းယုမြို့၌ ကလေးငယ် ၃၅၃ ဦးကို ဒုတိယအကြိမ် ဝက်သက်ဂျိုက်သိုးကာကွယ်ဆေး အပိုဆောင်း တိုက်ကျွေးထိုးနှံနိုင်ခဲ့
မြန်မာနိုင်ငံအတွင်းရှိ အသက်(၅)နှစ်အောက် ကလေးငယ်များ သေဆုံးမှုကို လျှော့ချနိုင်ရေးနှင့် ၂၀၂၃ ခုနှစ်တွင် ဝက်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါပပျောက်စေရန် ရည်ရွယ်ချက်ဖြင့် ဒုတိယအကြိမ် ဝက်သက် ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးခြင်း/ထိုးနှံခြင်းကို အောက်တိုဘာ ၂၅ ရက်နေ့မှ ၂၉ ရက်ထိ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယုမြို့ ကျန်းမာရေးဦးစီးဌာန ပြည်သူ့ဆေးရုံ၌ တိုက်ကျွေး/ ထိုးနှံပေးလျက်ရှိကြောင်း သိရ



