ဇင်းကျိုက်မင်္ဂလာကန်တော်ကြီး ရေလယ်ဘုရားတွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၊ ဇင်းကျိုက်ရပ်ကွက်ရှိ မင်္ဂလာကန်တော်ကြီး ရေလယ်ဘုရားတွင် (၅၇) ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးကို အောက်တိုဘာ ၁၁ ရက် (သီတင်းကျွတ်လဆန်း ၁၃ ရက်) မွန်းလွဲ ၂နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။






