ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ  အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် ဦးဆောင်သည့် အဖွဲ့ဝင်များရခိုင်ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူများနှင့်တွေ့ဆုံ
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် ဦးဆောင်သည့် ကော်မတီအဖွဲ့ဝင်များသည် ယနေ့ ညနေ ၄ နာရီ ၁၅ မိနစ်တွင် ရန်ကုန်မြို့မှ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိ ကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်ဥပဒေချုပ် ဦးကျော်လှထွန်း၊ ပြည်နယ်ဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်နှင့်တာဝန်ရှိသူများက စစ်တွေလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
(၁၄) ကြိမ်မြောက် အနာဂတ်ဒီရေတောအစီအစဉ် နိုင်ငံအဆင့်ညှိနှိုင်းရေးအဖွဲ့(NCB) အစည်းအဝေးကျင်းပ
(၁၄)ကြိမ်မြောက် အနာဂတ်ဒီရေတောအစီအစဉ် နိုင်ငံအဆင့်ညှိနှိုင်းရေးအဖွဲ့(NCB) အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီခွဲက နေပြည်တော် သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမတွင် ကျင်းပသည်။
အမျိုးသားစာကြည့်တိုက်(နေပြည်တော်)(၆)နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်ပွဲတော်ကျင်းပ
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသား စာကြည့်တိုက် ဦးစီးဌာန၊ အမျိုးသားစာကြည့်တိုက်(နေပြည်တော်) (၆)နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ် စာပေဟောပြောပွဲ၊ ရှားပါးစာအုပ်ပြပွဲ၊ မှတ်တမ်းဓာတ်ပုံများပြပွဲနှင့် အမှတ်တရဈေးရောင်း ပွဲတော်ကို အမျိုးသားစာကြည့်တိုက်(နေပြည်တော်)၌ ယနေ့နံနက် ၉ နာရီခွဲတွင် ကျင်းပသည်။
ရန်ကုန်-စစ်တွေ ပြည်ထောင်စုလမ်းမကြီး လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းအား မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့သည့် AA အဖွဲ့ဝင်တစ်ဦးကို အသေပစ်ခတ်ဖမ်းဆီးရမိ

နေပြည်တော် ၁၀  မေ  

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို (၁၆)ကြိမ်မြောက် ကုလသမဂ္ဂဗုဒ္ဓနေ့ အခမ်းအနားတက်ရောက်ရန် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့သို့ ရောက်ရှိ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတ နိုင်ငံသို့ တရားဝင် အလုပ်သဘောခရီး သွားရောက်ရန်နှင့် (၁၆)ကြိမ်မြောက် ကုလ သမဂ္ဂဗုဒ္ဓနေ့ အခမ်းအနား တက်ရောက်ရန် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာကြသည်။
Yangon Investment Forum 2019 ကျင်းပပြုလုပ်
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီတို့၏ ကမကထဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနတို့၏ ပူးပေါင်းဆောင်ရွက်မှု၊ Myanmar Investors  Development Association(MIDA)နှင့် Pricewaterhouse Coopers Co.Ltd တို့၏ ပံ့ပိုးကူညီမှုတို့ဖြင့် Yangon Investment Forum 2019 ကို Lotte Hotel Yangon ၌ မေ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ကျင်းပမည်ဖြစ်သည်။