အညာဒေသဘုရားပွဲတော်များမှ အစည်ကားဆုံးပွဲတော်ဖြစ်သော ရွှေဘိုမြို့ မြို့တည်၊ နန်းတည် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ တည်ထားကိုးကွယ်တော်မူခဲ့သော မော်ဓောမြင်သာ မြို့ထောင့်စေတီဘုရားပွဲတော်ကို တော်သလင်းလပြည့်ကျော် ၇ ရက်နေ့မှ စတင်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။