ကန်ကြီးထောင့်မြို့၌ ငလျင်ဘေးအသိပညာပေး ဟောပြောပွဲနှင့်လက်တွေ့ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်
ငလျင်ဘေးအန္တရာယ်ဆိုင်ရာသိကောင်းစရာများကိုကျောင်းသား၊ကျောင်းသူများမှတစ်ဆင့်ပြည်သူလူထုအတွင်းစိမ့်ဝင်ပြန့်နှံ့စေရေးနှင့် ငလျင်ဘေးနှင့်ကြုံတွေ့လာပါက မှန်ကန်စွာတုန့်ပြန်ဆောင်ရွက်သွားနိုင်ရေး၊ ထိခိုက်ဆုံးရှုံးမှုများမရှိစေရေး ရည်ရွယ်လျက် ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် မီးသတ်ဦးစီးဌာနမှ ငလျင်ဘေးအသိပညာပေးဟောပြောပွဲနှင့် လက်တွေ့ဇာတ်တိုက်လေ့ကျင့်ခြင်းကို စက်တင်ဘာ ၂၇ ရက်၊နံနက် ၁၀ နာရီက တကုန်းကြီး(အ.ထ.က)ပြုလုပ်ခဲ့ကြောင်း သိရသည်။







