ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ငါးမွေးကန်များတွင် ငါးသားပေါက် ခြောက်သိန်းကျော် စိုက်ထည့်
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၌ ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ငါးမွေးကန်များအတွက် ငါးသားပေါက်များ ထောက်ပံ့ခြင်းနှင့် ရေဘုတ်ဆည်ရေလှောင်တမံအတွင်းသို့ ငါးမျိုးများ စိုက်ထည့်ခြင်းကို ယနေ့နံနက်(၈)နာရီက ကျေးလက်ဒေသခံပြည်သူများ ငါးရိက္ခာဖူလုံပြီး ငါးစားသုံးမှု ပိုမိုတိုးမြှင့်လာစေရေး၊ ငါးမျိုးပြုန်းတီးမှု မဖြစ်ပေါ်စေရေးနှင့် ငါးသယံဇာတများ တိုးပွားလာစေရေး၊ ငါးမျိုးများ ရေရှည်စဉ်ဆက်မပြတ် တည်တံ့စွာရှိနေစေရေးအတွက် ရည်ရွယ်၍ ငါးသားပေါက် အကောင်ရေ ခြောက်သိန်းငါးသောင်းနှစ်ထောင့်တစ်ရာအား စိုက်ထည့်ပေးခဲ့







