​​​​​​​ကယ်လီဖိုးနီးယားတွင် ပစ်ခတ်မှုဖြစ်ပွား လေးဦးသေဆုံး ခြောက်ဦး ဒဏ်ရာရ

လော့စ်အိန်ဂျလိစ် မြောက်ပိုင်း ၃၅၀ ကီလိုမီတာအကွာ ကယ်လီဖိုးနီးယားပြည်နယ် ဖရက်နိုမြို့တွင် ယမန်နေ့က မိသားစု တစ်စုလုံး အစုလိုက် အပြုံလိုက် ပစ်ခတ်မှု ဖြစ်ပွားခဲ့သဖြင့် လေးဦး သေဆုံးပြီး အခြား ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံ ရဲတပ်ဖွဲ့ ပြောကြားချက်အရ သိရသည်။
မုန်တိုင်းဘေးသင့် နိုင်ငံခြားသားများကို ဂျပန် ကူညီ
တိုကျိုမြို့မြောက်ဘက် ဂွန်မားစီရင်စုရှိ မြို့တစ်မြို့တွင် ပြီးခဲ့သည့်လက အင်အားကြီးမားသည့် တိုင်ဖွန်း မုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် ဂျပန်နိုင်ငံသား မဟုတ်သူများကို ကူညီရန်အတွက်  ယာယီရုံး တစ်ခုကို ဖွင့်လှစ်ခဲ့သည်။
သီရိလင်္ကာ နိုင်ငံက ရွေးကောက်ပွဲမှာ တမီးလ်တိုက်ဂါးတွေကို ရက်ရက်စက်စက် အနိုင်ယူခဲ့သူ ရာဂျာပတ်ဆာ အနိုင်ရ
လွန်ခဲ့တဲ့ ဆယ်စုနှစ်က တမီးလ်တိုက်ဂါးတွေကို ရက်ရက်စက်စက် တိုက်ခိုက် အနိုင်ယူခဲ့တဲ့ အချိန်က ကာကွယ်ရေး ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဂိုတာဘာရာ ရာဂျာပတ်ဆာ က တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပါတယ်။
ဟောင်ကောင် ပိုလီတက္ကနစ် တက္ကသိုလ်တွင် မီးရှို့မှုဖြစ်ပွား
ရဲများနှင့် ဆန္ဒပြသူများအကြား ညတွင်းချင်း ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများကြောင့် ဟောင်ကောင် တက္ကသိုလ်သည် နောက်ဆုံးတွင် စစ်မြေပြင် ဖြစ်လာခဲ့သည်။ ရဲများက ယနေ့ နံနက် အစောပိုင်းက တက္ကသိုလ်ဝင်းအတွင်း ဝင်ရောက် စီးနင်းခဲ့ပြီးနောက် ပြန်လည်ဆုတ်ခွာခဲ့သည်။
ကဘူးလ်တွင် အသေခံ ဗုံးဖောက်ခွဲမှုဖြစ်ပွား လေးဦး ဒဏ်ရာရ
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ဘက် ဝန်းကျင်ဒေသရှိ အာဖဂန် တပ်ဖွဲ့လေ့ကျင့်ရေး စင်တာ အပြင်ဘက်တွင် ယနေ့မနက် အစောပိုင်းက အသေခံ ဗုံးဖောက်ခွဲမှု တစ်ခုဖြစ်ပွားခဲ့ပြီးနောက် တပ်ဖွဲ့ဝင် လေးဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု မြို့တော်ရဲတပ်ဖွဲ့က အတည်ပြု ပြောကြားခဲ့သည်။
တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၆၂ ဦးကို လစ်ဗျား  ပြည်နှင်ဒဏ်ပေး
လစ်ဗျားနိုင်ငံ အရှေ့ပိုင်း ဘန်ဂါဇီ မြို့တော်ရှိ လစ်ဗျား လူဝင်မှုကြီးကြပ် ထိန်းချုပ်ရေး ဌာနက တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၆၂ ဦးကို ချဒ် နှင့် ဆူဒန် နိုင်ငံတို့သို့ ပြည်နှင်ဒဏ် ပေးခဲ့သည်ဟု တနင်္ဂနွေနေ့က ကြေညာခဲ့သည်။
ဗင်းနစ်မြို့ ရေလွှမ်းမိုးမှုကြောင့် ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ တန်ဖိုး ပျက်စီးဆုံးရှုံး ခဲ့သည်ဟု မြို့တော်ဝန်ပြောကြား
အီတလီနိုင်ငံ ဗင်းနစ်မြို့တွင် ပြီးခဲ့သည့် သီတင်းပတ်က ဒီရေမြင့်တက်မှုကြောင့် ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့ရာ ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ တန်ဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့သည်ဟု ဗင်းနစ်မြို့တော်ဝန် လူဂီ ဘရက်နာရို က ဆိုသည်။