ဘရာဇီးတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် လူပေါင်း ၇၇၀ ထပ်မံသေဆုံး
ဘရာဇီးနိုင်ငံတွင် ပြီးခဲ့သည့် ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ထပ်မံသေဆုံးသူ ၇၇၀ ရှိသဖြင့် နိုင်ငံတစ်ဝန်း သေဆုံးသူပေါင်း ၁၇၉၇၆၅ ဦးရှိလာသည်ဟု ဘရာဇီးကျန်းမာရေးဝန်ကြီးဌာနက ကြာသပတေးနေ့က သတင်းထုတ်ပြန်ခဲ့သည်။







