ကယ်လီဖိုးနီးယား အထက်တန်းကျောင်း ပစ်ခတ်မှုဖြစ်ပွား ကျောင်းသားနှစ်ဦး သေဆုံး

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်ရှိ အထက်တန်းကျောင်းတွင် ယမန်နေ့ မနက်ပိုင်းက သေနတ်သမား တစ်ဦး၏ ပစ်ခတ်မှုကြောင့် ကျောင်းသားနှစ်ဦး သေဆုံးခဲ့ပြီး အခြားသုံးဦး ဒဏ်ရာရရှိခဲ့သည်။
ပါကစ္စတန် အနောက်မြောက်ပိုင်းတွင် အကြီးတန်း ရဲအရာရှိ တစ်ဦး ပစ်ခတ်ခံရသဖြင့် သေဆုံး
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ပတ်ရှဝါမြို့တွင် ကြာသပတေးနေ့က အကြီးတန်း ရဲအရာရှိ တစ်ဦးသည် အမည်မသိ လက်နက်ကိုင် တစ်ဦး၏ ပစ်ခတ်မှုခံခဲ့ရပြီး သေဆုံးသွားခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အီတလီနိုင်ငံ ဗင်းနစ်မြို့တွင် နှစ်ပေါင်း ၅၀ အတွင်း ဒီရေ အမြင့်ဆုံးမြင့်တက်

အမေရိကန်နိုင်ငံက ဘိုလီးဗီးယားဆီးနိတ် ဒုဥက္ကဌ ဂျီးနင်း အေနက်ဇ် ကို ကြားဖြတ်သမ္မအဖြစ် အသိအမှတ်ပြု
ဘိုလီးဗီးယား သမ္မတ အီဗို မိုရဲလက်စ် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရာထူးမှ အနားယူပြီးနောက်  မက္ကဆီကိုနိုင်ငံကို အင်္ဂါနေ့က ထွက်ခွာသွားရာ အထက်လွှတ်တော် ဒုဥက္ကဌ ဂျီးနင်း အေနက်ဇ် က ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ သူမကိုယ်သူမ ကြားဖြတ်သမ္မတအဖြစ် ကြေညာလိုက်ပါတယ်။
ဩစတြေးလျ တောမီး လောင်ကျွမ်းမှုတွင် သေဆုံးသူ လေးဦးအထိရှိလာ
ဩစတြေးလျနိုင်ငံ နယူးဆောက်ဝေး ပြည်နယ်ရှိ မီးလောင်ကျွမ်းသော တောအုပ်တွင် အမျိုးသား တစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ရာ ဆက်လက် လောင်ကျွမ်းနေသော တောမီးကြောင့် သေဆုံးသူ လေးဦးအထိ ရှိပြီဖြစ်ကြောင်း ဖော်ပြထားသည်။
ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက မြောက်ကိုရီးယား အလုပ်သမား ပြန်လည်ခေါ်ယူရေး‌ တောင်းဆို
နိုင်ငံခြားဝင်ငွေဖြင့် အလုပ်လုပ်ကိုင်နေသော အလုပ်သမားများအား မြောက်ကိုရီးယားမှ ပြန်လည် ခေါ်ဆိုနိုင်ရေး နိုင်ငံတကာ လူ့အဖွဲ့အစည်းများက မြောက်ကိုရီးယားအပေါ် ---------------
ဟောင်ကောင်ရှိ ကျောင်းများကို ယနေ့ ပိတ်မည်
ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့တို့အကြား ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများကြောင့် ဟောင်ကောင်ရှိ ကျောင်းများကို ယနေ့တွင် ပိတ်ပစ်လိုက်သည်။