ဉရောပ နိုင်ငံတွေမှာ ဗိုင်းရပ်စ်ပိုး ပြန်လည်တွေ့ရှိနေပေမယ့် WHO က လုံးဝ အသွားအလာ ကန့်သတ်မှု ပြဋ္ဌာန်းခြင်း မလုပ်ရန် ပြောကြား

ဉရောပ နိုင်ငံတွေမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု အများအပြား ပြန်လည် တွေ့ရှိရပေမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)အနေနဲ့ နိုင်ငံတိုင်းကနေ အသွားအလာ ကန့်သတ်မှု ပြဋ္ဌာန်းခြင်း မပြုလုပ်ဘဲ  ဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်နိုင်ရေး လုပ်ဆောင်ဖို့ ပြောကြား လိုက်ပါတယ်။
တောင်ကိုရီးယားတွင် ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူ ၃၂၄ ဦး တွေ့ရှိ
တောင်ကိုရီးယားနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၂၄ ဦး ထပ်မံတွေ့ရှိခဲ့ရာ ကူးစက်ခံရသူ စုစုပေါင်း ၁၆၆၇၀ ဦးအထိ မြင့်တက်လာကြောင်း သတင်းထုတ်ပြန်ထားသည်။
အီကွေဒေါနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၀၅၅၀၈ ဦး၊ သေဆုံးသူ ၆၂၀ဝ ရှိ
အီကွေဒေါနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၁၀၅၅၀၈ ဦး ရှိပြီး သေဆုံးသူ ၆၂၀ဝ ရှိလာကြောင်း အီကွေဒေါ ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနက ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။
ဘရာဇီးတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃ ဒသမ ၅ သန်းကျော် ရှိလာ
ဘရာဇီးနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူ ၄၅၃၂၃ ဦး ရှိပြီး ကူးစက်ခံရသူ စုစုပေါင်း ၃၅၀၁၉၇၅ ဦး ရှိလာသည်ဟု ဘရာဇီးကျန်းမာရေး ဝန်ကြီးဌာန ပြောကြားချက်အရ သိရသည်။
ကမ္ဘာတစ်ဝန်းမှာ ဂူဂယ်ရဲ့ ဝန်ဆောင်မှု အဆင်မပြေဖြစ်ကြောင်း သိရ
ကမ္ဘာတစ်ဝန်းမှာ ဂျီမေးလ် နဲ့ Drive အပါအဝင် ဂူဂယ်ရဲ့ ဝန်ဆောင်မှုတွေ သုံးစွဲနေသူတွေအတွက် ဒီနေ့(ကြာသပတေးနေ့)မှာ အဆင်မပြေမှုတွေ ဖြစ်နေတာကို ဂူဂယ်အနေနဲ့ သိရှိကြောင်း ကြေညာလိုက်ပါတယ်။