အင်ဒိုနီးရှားနိုင်ငံမှ တောမီးလောင်မှုကြောင့် ထွက်လာသောမီးခိုးများ စင်ကာပူသို့ ရွေ့လျားလာသည့်အတွက် စင်ကာပူနိုင်ငံ၏ လေထုအခြေအနေမှာ သုံးနှစ်တာကာလအတွင်း အဆိုးရွားဆုံးအခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။ လေထုညစ်ညမ်းမှု နှင့်ပတ်သက်ပြီး အစိုးရကစံသတ်မှတ်ထားသည့်အဆင့်မှာ စက်တင်ဘာ ၁၃ ရက်က ၁၀ဝ ထက် ကျော်လွန်သွားပြီဖြစ်ကြောင်း စင်ကာပူနိုင်ငံ၏ အမျိုးသားသဘာဝပတ်ဝန်းကျင်အေဂျင်စီက ပြေ