မွန်ဂိုလီးယား၌ နှင်းမုန်တိုင်းအတွက် သတိပေးချက်ထုတ်ပြန်

 

တောင်ကိုရီးယားနိုင်ငံ ဟော်လိုဝင်းပွဲတွင် လူအစုလိုက်အပြုံလိုက်တိုးဝှေ့မှုကြောင့် ၁၅၃ ဦးထက်မနည်း သေဆုံးမှုဖြစ်ပွား

ဆိုးလ် အောက်တိုဘာ ၃၁

 

ဗီယက်နမ်နိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကြောင့် ၁၀ လအတွင်း သေဆုံးသူ ၁၀၂ ဦးရှိလာ
ဗီယက်နမ်နိုင်ငံတွင် ယခုနှစ် လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူ ၁၀၂ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားသည်။
မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၇၆၂ ဦး ထပ်မံတွေ့ရှိ
မလေးရှားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၇၆၂ ဦး ထပ်မံတွေ့ရှိခဲ့သဖြင့် နိုင်ငံအတွင်း ထိုရောဂါကူးစက်ခံရသူပေါင်း ၄၈၉၀၄၃၇ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း၌ ရေကြီးရေလျှံမှုကြောင့် လူ ၁၃ ဦးထက်မနည်းသေဆုံး
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မာဂင်ဒါနောပြည်နယ်ရှိ မြို့များတွင် ညလုံးပေါက် ရေကြီးရေလျှံမှုများဖြစ်ပွားသဖြင့် ယနေ့တွင် လူ၁၃ ဦးထက်မနည်းသေဆုံးပြီး  ပျောက်ဆုံးနေသူများရှိကြောင်း ဒေသန္တရတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အာဖရိကနိုင်ငံ ၁၃ နိုင်ငံ၌ မျောက်ကျောက်ရောဂါ ကူးစက်ဖြစ်ပွားသူ ၆၈၈၃ ဦးရှိလာ
အာဖရိကနိုင်ငံ ၁၃ နိုင်ငံတွင် ၂၀၂၂ ခုနှစ်အတွင်း မျောက်ကျောက်ရောဂါ ကူးစက်ဖြစ်ပွားသူ ၆၈၈၃ ဦး ရှိလာကြောင်း အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ( အာဖရိကစီဒီစီ)က ယမန်နေ့က ထုတ်ဖော်ပြောကြားသည်။