တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၂၂၉၈ ဦး ထပ်မံတွေ့ရှိ

တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၂၂၉၈ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၂၄၉၃၃၇၅၆ ဦးအထိ မြင့်တက်လာကြောင်း ကျန်းမာရေးအာဏာပိုင်များက ..............
အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၅၂၉ ဦး ထပ်မံတွေ့ရှိ
အိန္ဒိယနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၅၂၉ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
ကနေဒါနိုင်ငံ၌ မျောက်ကျောက်ရောဂါ ကူးစက်ဖြစ်ပွားသူ ၁၄၀၆ ဦးရှိလာ
ကနေဒါနိုင်ငံတွင် မျောက်ကျောက်ရောဂါ ကူးစက်ဖြစ်ပွားမှုကြောင့် ဆေးရုံတက်ရောက်ကုသမှုခံယူသူ ၃၈ ဦး အပါအဝင် ထိုရောဂါကူးစက်ခံရသူပေါင်း ၁၄၀၆ ဦး ရှိလာကြောင်း ကနေဒါပြည်သူ့ကျန်းမာရေးအေဂျင်စီက ယမန်နေ့က ပြောကြားသည်။
အမေရိကန်နိုင်ငံ၌ ဟာရီကိန်းမုန်တိုင်း အီယန်တိုက်ခတ်မှုကြောင့် သေဆုံးသူဦးရေ ၁၁၀ ရှိလာ
အမေရိကန်နိုင်ငံတွင် ဟာရီကိန်းမုန်တိုင်း အီယန်တိုက်ခတ်မှုကြောင့် သေဆုံးသူ ၁၁၀ ရှိလာပြီး လူဦးရေ သုံးသိန်းနီးပါး ဓာတ်အားပြတ်တောက်မှုနှင့်ရင်ဆိုင်နေရဆဲဖြစ်ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။
စင်ကာပူနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၅၉၂၃ ဦး ထပ်မံတွေ့ရှိ
စင်ကာပူနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၅၉၂၃ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ထိုရောဂါကူးစက်ခံရသူပေါင်း ၁၉၃၀၀၆၂ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
အီရန်နိုင်ငံ အနောက်မြောက်ပိုင်း၌ ပြင်းအား ၅ ဒသမ ၄ အဆင့်ရှိ မြေငလျင်လှုပ်ခတ်မှုကြောင့် လူ‌ပေါင်း ၅၀၀ ကျော် ဒဏ်ရာရ

ဂျပန်ဝန်ကြီးချုပ်နှင့် တောင်ကိုရီးယားသမ္မတတို့  လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများဆွေးနွေး