ဖိလစ်ပိုင်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံမှုကြောင့် ၃၈ ဦး ထပ်မံသေဆုံး

ဖိလစ်ပိုင်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ၃၈ ဦး ထပ်မံသေဆုံးခဲ့ပြီးနောက် သေဆုံးသူပေါင်း ၆၂၆၉၅ ဦးအထိ ရှိလာကြောင်း ကျန်းမာရေးဦးစီးဌာန( ဒီအိုအိတ်ချ် )၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အယ်ဆာဗေဒိုနိုင်ငံ၌ မြေပြိုမှုဖြစ်ပွားသဖြင့် လူခုနစ်ဦးထက်မနည်း သေဆုံး
အယ်ဆာဗေဒိုနိုင်ငံတွင် ယမန်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်များပြိုကျကာ မြေပြိုမှုများဖြစ်ပွားခဲ့သဖြင့် မိသားစုတစ်စုမှ မိသားစုဝင်ငါးဦးအပါအဝင် ခုနစ်ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး အထွေထွေညွှန်ကြားရေးရုံးက ပြောကြားသည်။
အာဂျင်တီးနားနိုင်ငံ၌ ရေနံချက်စက်ရုံပေါက်ကွဲမှုကြောင့် လူသုံးဦးထက်မနည်းသေဆုံး
အာဂျင်တီးနားနိုင်ငံတောင်ပိုင်း နျူကွန်ပြည်နယ် ပလာဇာဟွန်ကျူလ်မြို့တွင် ယမန်နေ့က နယူးအမေရိကန်ရေနံချက်စက်ရုံ မီးလောင်ကျွမ်းကာ ပေါက်ကွဲမှုဖြစ်ပွားခဲ့သောကြောင့် လူသုံးဦးထက်မနည်းသေဆုံးခဲ့သည်။
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်အား မသမာသောနည်းလမ်းများဖြင့် ၎င်း၏ပိုင်ဆိုင်မှုများတိုးပွားရန် ဆောင်ရွက်ခဲ့ခြင်းအပေါ် နယူးယောက်ပြည်နယ် ရှေ့နေချုပ်က တရားစွဲဆို
အမေရိကန်သမ္မတဟောင်း  ဒေါ်နယ်ထရမ့်နှင့် မိသားစုဝင်များအပါအဝင် Trump Organization ၏ မန်နေဂျာများအား  မသမာသောနည်းလမ်းများဖြင့် ၎င်း၏ပိုင်ဆိုင်မှုများတိုးပွားစေရန်  ဆောင်ရွက်ခဲ့ခြင်းအပေါ် နယူးယောက်ပြည်နယ် ရှေ့နေချုပ်က တရားစွဲဆိုထားကြောင်း သိရသည်။ 
မြောက်ကိုရီးယားနိုင်ငံ၌ အောက်တိုဘာလမှစပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် ပြည်သူအားလုံး နှာခေါင်းစည်းဝတ်ဆင်ရန် ကြေညာချက်ထုတ်ပြန်
မြောက်ကိုရီးယားနိုင်ငံ၌  အောက်တိုဘာလမှစပြီး ကိုဗစ်-၁၉ ရောဂါ     ကာကွယ်တားဆီးရေး အတွက် ပြည်သူအားလုံး နှာခေါင်းစည်းများ  ဝတ်ဆင် ရမည်ဖြစ်ကြောင်း  မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က  ယနေ့ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ 
ဆူဒန်နိုင်ငံ၌  မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုကြောင့် သေဆုံးသူပေါင်း ၁၄၆ ဦးအထိ တိုးလာ
ဆူဒန်နိုင်ငံ၌ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုကြောင့် သေဆုံးသူစုစုပေါင်း ၁၄၆ ဦးအထိ မြင့်တက်လာပြီး ဒဏ်ရာရရှိသူ ၁၂၂ ဦးရှိကြောင်း နိုင်ငံ၏  အရပ် ဘက် ကာကွယ်ရေးဆိုင်ရာ အမျိုးသား  ကောင်စီက  စက်တင်ဘာ ၂၁ ရက်တွင် ပြောကြားသည်။
နာမည်ကြီးဟောလိဝုဒ်ကြယ်ပွင့် ဂျိုလီ မုတ်သုံကပ်ဘေးရင်ဆိုင်နေရသူများအား ကူညီရန် ပါကစ္စတန် နိုင်ငံသို့ ရောက်ရှိ
နာမည်ကြီး ဟောလိဝုဒ်ကြယ်ပွင့် အန်ဂျလီနာဂျိုလီသည်  မုတ်သုံရာသီမိုးရွာသွန်းမှုကြောင့် ရေကြီး ရေလျှံကပ်ဘေးနှင့် ရင်ဆိုင်နေရသူများအား ကူညီရန် ပါကစ္စတန်နိုင်ငံသို့ သွားရောက်ခဲ့သည်။