အေအိုင်ဒီအက်စ်၊ တီဘီရောဂါနှင့် ငှက်ဖျားရောဂါတိုက်ဖျက်ရေးအတွက် ဒေါ်လာ တစ်ဘီလီယံကျော် ဂျပန်နိုင်ငံ ကတိပြု
ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီးဒါးသည် လာမည့်သုံးနှစ်အတွင်း အေအိုင်ဒီအက်စ်ရောဂါ၊ တီဘီ ရောဂါနှင့် ငှက်ဖျားရောဂါတို့ကို တိုက်ဖျက်ရန် နိုင်ငံတကာ ရန်ပုံငွေသို့ ဒေါ်လာ ၁ ဒသမ ၀၈ ဘီလီ ယံ ထည့်ဝင်ရန် ကတိပြုခဲ့ကြောင်း သိရသည်။