ပါကစ္စတန်နိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း မုတ်သုံမိုးရွာသွန်းမှုကြောင့် လူ ၂၂ ဦးထက်မနည်းသေဆုံး၊ ကိုးဦးဒဏ်ရာရ
ပါကစ္စတန်နိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း မုတ်သုံမိုးရွာသွန်းမှုကြောင့် လူ ၂၂ ဦးထက်မနည်းသေဆုံးခဲ့ပြီး အခြား ကိုးဦးဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားသဘာဝဘေးစီမံခန့်ခွဲ့မှုဆိုင်ရာအာဏာပိုင်အဖွဲ့ (အင်န်ဒီအမ်အေ )က ပြောကြားသည်။
တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၅၁၈၇၄ ဦး ထပ်မံတွေ့ရှိ
တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၅၁၈၇၄ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၂၄၃၁၆၃၀၂ ဦး ရှိလာကြောင်း ကျန်းမာရေးအာဏာပိုင်များက ယနေ့တွင် ပြောကြားသည်။
မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၃၇၅ ဦး ထပ်မံတွေ့ရှိ
မလေးရှားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၃၇၅ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၄၈၁၃၇၀၂ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
ပါကစ္စတန်နိုင်ငံ အစ္စလာဘတ်မြို့တော်၌ လွန်ခဲ့သော ၂၄ နာရီအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၇၂ ဦး ထပ်မံတွေ့ရှိ
ပါကစ္စတန်နိုင်ငံတစ်ဝန်းတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားလျက်ရှိရာ အစ္စလာမာဘတ်မြို့တော်တွင် လွန်ခဲ့သော ၂၄ နာရီအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၇၂ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးအာဏာပိုင်များက ပြောကြားသည်။
အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၆၄၂၂ ဦး ထပ်မံတွေ့ရှိ
အိန္ဒိယနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၆၄၂၂ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၄၄၅၁၆၄၇၉ ဦး အထိ ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
ဂျော်ဒန်နိုင်ငံ၌ လူနေအဆောက်အအုံပြိုကျမှုကြောင့် သေဆုံးသူ ၈ ဦး ရှိလာ
ဂျော်ဒန်နိုင်ငံ အမ်မန်မြို့တော်တွင် စက်တင်ဘာ ၁၃ ရက်က လူနေအဆောက်အအုံပြိုကျမှုကြောင့် သေဆုံးသူ ရှစ်ဦးရှိလာကြောင်း ပြည်သူ့လုံခြုံရေးဦးစီးဌာန ( ပီအက်စ်ဒီ )က ယမန်နေ့ကထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။