ဘရာဇီးနိုင်ငံမြောက်ပိုင်း၌ သင်္ဘောနစ်မြုပ်မှုကြောင့် ၁၄ ဦး ထက်မနည်း သေဆုံး၊ ၂၆ ဦးပျောက်ဆုံးနေ
ဘရာဇီးနိုင်ငံမြောက်ပိုင်း ပါရာပြည်နယ်၏မြို့တော် ဘီလမ်အနီးတွင် ယမန်နေ့မနက်က သင်္ဘောတစ်စီးနစ်မြုပ်မှုဖြစ်ပွားခဲ့ရာ လူ ၁၄ ဦးထက်မနည်းသေဆုံးခဲ့ပြီး ၂၆ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း တရားဝင်ထုတ်ပြန်သော သတင်းရင်းမြစ်က ဖော်ပြသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ မိုးကြိုးပစ်ခံရမှုကြောင့် ကိုးဦးသေဆုံး
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်၏အနောက်မြောက်ဘက် ကီလိုမီတာ ၁၃၄ အကွာရှိ စီရာဂျေဂန်ဂျေခရိုင်တွင် ယမန်နေ့က မိုးကြိုးပစ်ခံရမှုကြောင့် ကိုးဦးထက်မနည်းသေဆုံးသွားကြောင်း ဒေသန္တရရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ပါကစ္စတန်နိုင်ငံ လွန်ခဲ့သော ၂၄ နာရီအတွင်း ရေကြီးရေလျှံမှုကြောင့် ၁၂ ဦး သေဆုံး
ပါကစ္စတန်နိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၁၂ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း အမျိုးသားသဘာဝဘေးစီမံခန့်ခွဲရေးဆိုင်ရာတာဝန်ရှိသူများ( အင်န်ဒီအမ်အေ )က ပြောကြားသည်။
စင်ကာပူနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၁၆၉ ဦး ထပ်မံတွေ့ရှိ
စင်ကာပူနိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၁၆၉ ဦး ရှိပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း  ၁၈၅၄၄၅၅ ဦး ရှိလာကြောင်း ဖော်ပြထားသည်။
အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၆၃၉၅ ဦး ထပ်မံတွေ့ရှိ
အိန္ဒိယနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၆၃၉၅ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ဗီယက်နမ်နိုင်ငံတောင်ပိုင်း၌ သုံးထပ်အဆောက်အအုံ မီးလောင်ကျွမ်းမှုကြောင့် ၃၂ ဦး သေဆုံး
ဗီယက်နမ်နိုင်ငံတောင်ပိုင်း ဘင်ဒေါင်းပြည်နယ်တွင် မီးလောင်ကျွမ်းမှုကြောင့် ၃၂ ဦး သေဆုံးခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ယမန်နေ့က ဖော်ပြထားသည်။