အမေရိကန်နိုင်ငံ၌ မျောက်ကျောက်ရောဂါကူးစက်ခံရသူ ၂၀၀၀၀ ကျော်ရှိလာ

အမေရိကန်နိုင်ငံတွင် မျောက်ကျောက်ရောဂါကူးစက်ခံရသူ ၂၀၀၀၀ ကျော်ရှိလာသည်ဟု အမေရိကန်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ ( စီဒီစီ ) ၏ နောက်ဆုံးထုတ်ပြန်ချက်အရ သိရသည်။
ကယ်လီဖိုးနီးယားတောမီးများ ဆက်လက်လောင်ကျွမ်းလျက်ရှိ၊ နှစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရ
ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းတွင် တောမီးလောင်ကျွမ်းမှုကြောင့်  လွန်ခဲ့သော ၂၄ နာရီအတွင်း နှစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရရှိကာ မြေဧက ၂၄၀၀ ကျော် အကြီးအကျယ်လောင်ကျွမ်းခဲ့ကြောင်း အာဏာပိုင်များက ပြောကြားသည်။
တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူဦးရေ ၈၅၅၄၀ ထပ်မံတွေ့ရှိ
တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၈၅၅၄၀ ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၂၃၇၉၁၉၆၁ ဦး ရှိလာကြောင်း ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူများက ယနေ့တွင် ပြောကြားသည်။
တရုတ်နိုင်ငံ စီချွမ်ပြည်နယ်၌ ပြင်းအား ၆ ဒသမ ၈ ပမာဏရှိ ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၆၅ ဦး ရှိလာ
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် လူဒင်ဒေသတွင် ပြင်းအား ၆ ဒသမ ၈ ပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်မှုကြောင့် သေဆုံးသူ ၆၅ ဦးရှိလာကြောင်း ဒေသန္တရအာဏာပိုင်များက ယနေ့တွင် ပြောကြားသည်။
ပါကစ္စတန်နိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ရေကြီးရေလျှံမှုကြောင့်  ၁၁ ဦး သေဆုံး
ပါကစ္စတန်နိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ရေကြီးရေလျှံမှုများဖြစ်ပွားသဖြင့် လူ ၁၁ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း အမျိုးသားသဘာဝဘေးစီမံခန့်ခွဲရေးအာဏာပိုင် ( အင်န်ဒီအမ်အေ ) ကပြောကြားသည်။
နယူးဇီလန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၀၃၅ ဦး ထပ်မံတွေ့ရှိ
နယူးဇီလန်နိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၀၃၅ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားသည်။
အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တော်၌ ရုရှားသံရုံးပေါက်ကွဲမှုကြောင့် နှစ်ဦးသေဆုံး၊ ၁၁ ဦး ဒဏ်ရာရ
အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တော်ရှိ ရုရှားသံရုံးရှေ့တွင် ယမန်နေ့က အသေခံဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားသည်။