ပါကစ္စတန်နိုင်ငံ၌ မိုးရွာသွန်းမှုနှင့်ဆက်စပ်သည့် မတော်တဆဖြစ်ပွားမှုများကြောင့် လူ ၂၅ ဦး သေဆုံး
ပါကစ္စတန်နိုင်ငံအနောက်တောင်ပိုင်း ဘာလိုချီစတန်ပြည်နယ်တွင် မိုးရွာသွန်းမှုနှင့်ဆက်စပ်သည့် မတော်တဆ ဖြစ်ပွားမှုများကြောင့် လူ ၂၅ ဦး သေဆုံးခဲ့ကြောင်း ပြည်နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့၏ ညွှန်ကြားရေးမှူးချုပ်( ပီဒီအမ်အေ )က ယမန်နေ့ကပြောကြားသည်။