ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ကူးစက်ခံရသူ သန်း ၁၀၀ ကျော်အထိ ရှိလာ

ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရသူ သန်းတစ်ရာကျော်အထိ ရောက်ရှိသွားပြီဖြစ်သည်။
ဗြိတိနိုင်ငံတွင် ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ကူးစက်မှုကြောင့် သေဆုံးသူ ဦးရေ ၁၀၀၀၀၀ ကျော်ရှိ
ဗြိတိန်နိုင်ငံသည် ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူ ဦးရေ ၁၀၀၀၀၀ ကျော် ရှိလာသဖြင့် ဉရောပတွင် ပထမဆုံးသော နိုင်ငံ ဖြစ်လာသည်။
ကိုလံဘီယာ ကာကွယ်ရေးဝန်ကြီး ကိုဗစ်-၁၉ ရောဂါဖြင့် ကွယ်လွန်
ကိုလံဘီယာသမ္မတနိုင်ငံ၏ ကာကွယ်ရေးဝန်ကြီး ကားလော့စ်ဟိုးလ်စ်ထရူဂျီလ်လိုသည် ကိုဗစ်-၁၉ ရောဂါဖြင့် ယနေ့ ကွယ်လွန်သွားကြောင်း ..................................................................................
သီရိလင်္ကာ အနောက်ပိုင်း ပြည်နယ်တွင် အလယ်တန်းအဆင့် ကျောင်းသားများအတွက် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်
သီရိလင်္ကာနိုင်ငံ အနောက်ပိုင်း ပြည်နယ်တွင် အလယ်တန်းအဆင့် ကျောင်းသားများအတွက် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း နိုင်ငံအာဏာပိုင်များက ယမန်နေ့က ပြောကြားသည်။
Moderna ကာကွယ်ဆေးက ဗီဇပြောင်း ဗိုင်းရပ်စ်ကို ကာကွယ်နိုင်ဟု ဆို
တောင်အာဖရိကနှင့် ဗြိတိန်နိုင်ငံတို့တွင် တွေ့ရှိခဲ့ရသည့် ဗီဇပြောင်း ဗိုင်းရပ်စ်ကို Moderna ကာကွယ်ဆေးက ကာကွယ်နိုင်ကြောင်း အမေရိကန် ဆေးကုမ္ပဏီဖြစ်သည့် Moderna က ပြောကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ၌ ကျောက်မီးသွေးမိုင်းတွင်း ပြိုကျမှုဖြစ်ပွားရာ မိုင်းလုပ်သား ၁၀ ဉီး ပိတ်မိနေ
အင်ဒိုနီးရှားနိုင်ငံ တောင်ပိုင်း ကာလီမင်တန် ပြည်နယ်တွင် ကျောက်မီးသွေးတွင်းတစ်ခု မြေပြိုကျမှု ဖြစ်ပေါ်ခဲ့ရာ မိုင်းလုပ်သား ၁၀ ဉီး ပိတ်မိနေကြောင်း ဘေးအန္တရာယ်ဌာနမှ အကြီးတန်း အရာရှိတစ်ဉီးက ပြောကြားခဲ့သည်။
ဘရာဇီးတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် တစ်ရက်အတွင်း လူ ၆၂၇ ဦး သေဆုံး
ဘရာဇီးနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် ထပ်မံသေဆုံးသူ ၆၂၇ ဦး ရှိပြီး သေဆုံးသူ ၂၁၇၆၆၄ ဦး အထိ ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။