ဩစတြီးယားမှာ ဗိုင်းရပ်စ်ပိုးကူးစက်မှု ထိန်းချုပ်ရန် ကျောင်းနဲ့ ဆိုင်တွေပိတ်ရန် ညွှန်ကြား
ဩစတြီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှု ဒုတိယလှိုင်းကို ထိန်းချုပ်ရန် ကျောင်းတွေနဲ့ အရေးမကြီးတဲ့ ပစ္စည်းတွေရောင်းတဲ့ ဆိုင်တွေပိတ်ရန် အစိုးရအဖွဲ့က ဆုံးဖြတ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။
ရိုမေးနီးယားနိုင်ငံ၌ ဆေးရုံမီးလောင်မှုကြောင့် ကိုဗစ်-၁၉ ရောဂါလူနာ ၁၀ ဦးသေဆုံး
နိုဝင်ဘာ ၁၄ ရက် နှောင်းပိုင်းက ရိုမေးနီးယားနိုင်ငံ အရှေ့မြောက်ဘက်မှာရှိတဲ့ ဆေးရုံတစ်ရုံရဲ့ အထူးကြပ်မတ်ကုဆောင်မှာ မီးလောင်မှုဖြစ်ပွားခဲ့ရာ ဆေးဝါးကုသမှုခံယူနေကြတဲ့ ကိုဗစ်-၁၉ ရောဂါလူနာ ၁၀ ဦး သေဆုံးခဲ့တယ်လို့ ရိုမေးနီးယားကျန်းမာရေးဝန်ကြီး နေလူတာရာရူက ဒီနေ့အတည်ပြု ပြောကြားပါတယ်။
နိုက်ဂျီးရီးယားနိုင်ငံမှာ အဆုတ်ရောင်ရောဂါကြောင့် နှစ်စဉ် ကလေးငယ် ၁၄၀,၀၀၀ ဦး သေဆုံး
နိုက်ဂျီးရီးယားနိုင်ငံမှာ အဆုတ်ရောင်ရောဂါကြောင့် နှစ်စဉ် အသက် ၅ နှစ်အောက် ကလေးငယ် ၁၄၀,၀၀၀ ဦး သေဆုံးကြောင်း အစိုးရက ကြာသပတေးနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။