ပါကစ္စတန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁၅၂၂၁၉၁ ဦးရှိလာ

ပါကစ္စတန်နိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၀၃ ဦး ထပ်မံတွေ့ရှိခဲ့သည်ဟု ယနေ့တွင် အင်န်စီအိုစီစင်တာက ပြောကြားသည်။
အိန္ဒိယနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၅၄၉ ဦး ထပ်မံတွေ့ရှိ
အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၅၄၉ ဦး ထပ်မံတွေ့ရှိခဲ့သဖြင့် ကူးစက်ဖြစ်ပွားသူပေါင်း ၄၃၀၀၉၃၉၀ အထိ မြင့်တက်လာသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌  ကူးတို့လှေနှင့် ကုန်တင်သင်္ဘောတို့ တိုက်မိပြီးနစ်မြုပ်သွားသဖြင့် လူခြောက်ဦး ထက်မနည်း သေဆုံး 
ဘင်္ဂလားဒေ့ရှ်နိုင်ငံ  မြို့တော် ဒါကာ အပြင်ဘက် နာရာယန်ဂန်ခရိုင်ရှိ မြစ်တစ်စင်းတွင် ယမန်နေ့က ကူးတို့လှေတစ်စင်းနှင့် အခြားကုန်တင်သင်္ဘောတို့ တိုက်မိပြီး တိမ်းမှောက်သွားသဖြင့် ..............
တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၉၅၈၂၈၁၅ ဦး ရှိလာ
တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားသူ ၂၀၉၁၆၉ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ကူးစက်ဖြစ်ပွားသူပေါင်း ၉၅၈၂၈၁၅ ဦးအထိ ရှိလာသည်ဟု ကျန်းမာရေးအာဏာပိုင်များက ယနေ့တွင် ပြောကြားသည်။
ယူအေအီးခေါင်းဆောင်များနှင့် ဆီးရီးယားသမ္မတို့ ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး
ယူအေအီးနိုင်ငံမှ ခေါင်းဆောင်များသည် ယူအေအီးနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် ဆီးရီးယား သမ္မတ ဘတ်ရှာ အယ်အာဆတ်နှင့် မြို့တော် အဘူဒါဘီတွင် မတ် ၁၈ ရက်က တွေ့ဆုံခဲ့ကြပြီး နှစ်ဦးနှစ်ဖက် အကျိုးစီးပွားအတွက် ပူးပေါင်း ဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြသည်။ ။
ဂျပန်နိုင်ငံက အိန္ဒိယနိုင်ငံ၏ စီးပွားရေးတိုးတက်မှုကဏ္ဍများ၌ အမေရိကန်ဒေါ်လာ ၄၂ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်
ဂျပန်နိုင်ငံက အိန္ဒိယနိုင်ငံ၏ စွမ်းအင်ကဏ္ဍအပါအဝင် စီးပွားရေးတိုးတက်မှု ဆိုင်ရာကဏ္ဍများ၌ လာမည့်ငါးနှစ်တာ အတွင်း အမေရိကန်ဒေါ်လာ ၄၂ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း ယနေ့ သတင်းများအရ သိရသည်။
သီရိလင်္ကာနိုင်ငံ၌ နေအိမ်ဥယျာဉ် ၂ ဒသမ ၂ သန်းခန့် ဖန်တီးဆောင်ရွက်မည်
သီရိလင်္ကာနိုင်ငံ၌ လာမည့်လမှစပြီး နေအိမ်ဥယျာဉ် ၂ ဒသမ ၂ သန်းခန့် စတင်အကောင်အထည်ဖော် ဆောင်သွားမည် ဖြစ်ကြောင်း ယနေ့သတင်းများအရ သိရသည်။ ။