ဂျီဆန်း ၁၁ နှစ်ကြာလက်တွဲလာခဲ့တဲ့ အေဂျင်စီနဲ့ လမ်းခွဲ
တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ မင်းသားတစ်ဦးဖြစ်သူ ဂျီဆန်းဟာ သူ့ရဲ့ အနုပညာသက်တမ်း တစ်လျှောက် ၁၁ နှစ်ကြာလက်တွဲလာခဲ့တဲ့ အေဂျင်စီ နမ်မိုအက်စ်နဲ့ စာချုပ်ထပ်မံချုပ်ဆိုခဲ့ခြင်းမရှိတော့ကြောင်း စွန်ပီဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။