ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၁ ဒသမ ၃ သန်းကျော်ရှိလာ
ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၅၃ သန်းကျော်ရှိပြီး ရောဂါပိုးကြောင့် သေဆုံးသူ ၁ ဒသမ ၃ သန်းရှိကြောင်း သိရပါတယ်။
မက္ကဆီကိုနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၁ သန်းကျော်ရှိလာ
မက္ကဆီကိုနိုင်ငံမှာ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး တွေ့ရှိသူ ၅,၈၆၀ ဦးရှိကြောင်း စနေနေ့က ထုတ်ပြန်ချိန်မှာ ရောဂါပိုးတွေ့ရှိသူ ၁ သန်း ကျော်ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၁၅-၁၁-၂၀၂၀) ရက်နေ့၊ ညနေ (၅:၀၀)နာရီ

‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

စလိုဗေးနီးယားနိုင်ငံမှာ ပိုးကူးစက်မှုများလာတဲ့အတွက် အများသုံးယာဉ် ပြေးဆွဲမှု ရပ်ဆိုင်း
စလိုဗေးနီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုများလာတဲ့အတွက် ဒီနေ့(စနေနေ့) နံနက်ပိုင်း က စပြီး အများသုံး ယာဉ်တွေ ပြေးဆွဲမှုကို သီတင်းနှစ်ပတ်ရပ်ဆိုင်းကြောင်း သိရပါတယ်။
အီတလီနိုင်ငံတောင်ပိုင်းမှာ ဗိုင်းရပ်စ်ပိုးကူးစက်မှု များပြားတဲ့အတွက် အနီရောင်ဇုန်အဖြစ် သတ်မှတ်
အီတလီနိုင်ငံတောင်ပိုင်းရှိ နေဘဲလ်စ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု များလာတဲ့အတွက် ဆေးရုံမှာ နေရာအကန့်အသတ် ဖြစ်လာသောကြောင့်  ပိုးတွေ့လူနာတွေအား မိမိတို့ကားထဲမှာပဲ နေထိုင်စေပြီး ကုသပေးခြင်းတွေကို သောကြာနေ့က လုပ်ဆောင်ခဲ့ရကြောင်း သိရပါတယ်။