(၉၇)နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲ ကျင်းပ
မြစ်ကြီးနားမြို့နယ် ပညာရေးမှူးရုံးမှ ကြီးမှူး၍ (၉၇) နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် အကြို စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲကို နိုဝင် ဘာ ၉ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ အောင်နန်းရိပ်သာ ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း နိုင်ငံ့ရတနာ ခန်းမ၌ ကျင်းပသည်။